အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။
၂ ရာချုပ် 1:17 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။ Common Language Bible အီဂျစ်ပြည်မှစစ်ရထားများတင်သွင်းမှု ကိုချုပ်ကိုင်ထားကြ၏။ ဟိတ္တိဘုရင်နှင့်ရှုရိ ဘုရင်တို့သည်စစ်ရထားတစ်စီးလျှင်ငွေ သားခြောက်ရာ၊ မြင်းတစ်ကောင်လျှင်ငွေသား တစ်ရာ့ငါးဆယ်နှုန်းဖြင့် အဝယ်တော်တို့မှ ဝယ်ရကြလေသည်။ Garrad Bible ရ ထား တစ် စီး လျှင် ငွေ ခြောက် ရာ၊ မြင်း တစ် စီး လျှင် ငွေ တ ရာ့ ငါး ဆယ် ရောင်း ဝယ် လေ့ ရှိ ၏။ ဟိ တ္တိ မင်း၊ ရှု ရိ မင်း တို့ လည်း အ ဝယ် တော် တို့ လက် မှ ဝယ် ရ ကြ ၏။ Judson Bible အဲဂုတ္တုပြည်မှ ရထားတစ်ခုကို ငွေခြောက်ပိဿာနှင့်လည်းကောင်း၊ မြင်းတစ်စီးကို တစ်ပိဿာငါးဆယ်နှင့်လည်းကောင်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့်၊ ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။ |
အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။
သို့သော် ယေဟုသည် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သား ယေရောဗောင်ပြုသောအပြစ်တည်းဟူသော ဗေသလမြို့နှင့် ဒန်မြို့ရှိ နွားသငယ်ရုပ်တို့ကို မစွန့်ဘဲနေ၏။
အီဂျစ်ပြည်နှင့်ကောမြို့တို့မှ မြင်းများကို ရှောလမုန်မင်းကြီးထံ တင်သွင်းတတ်ကြ၏။ ရှင်ဘုရင်၏ကုန်သည်တို့သည် အဖိုးအခပေး၍ ကောမြို့မှ ဝယ်ယူတင်သွင်းပေးကြ၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်နှင့် မိမိနိုင်ငံတော်အတွက် နန်းတော်ကိုတည်ဆောက်ရန် ရည်ရွယ်၏။
အီဂျစ်ပြည်မှစ၍ တိုင်းနိုင်ငံအသီးသီးတို့မှ မြင်းများကို ရှောလမုန်မင်းကြီးထံ တင်သွင်းလေ့ရှိကြ၏။
ငါ့ချစ်သူလေး၊ သင့်ကို ဖာရောမင်းကြီး၏ စစ်ရထား၌ကသော မြင်းမလေးနှင့် တင်စားမည်။