ဟေဗြုန်မြို့တွင် ယုဒလူမျိုးကို ခုနစ်နှစ်နှင့် ခြောက်လ၊ ဂျေရုဆလင်မြို့တွင် အစ္စရေးလူမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့ကို သုံးဆယ့်သုံးနှစ် စိုးစံလေ၏။
ယုဒပြည်ဘုရင်အဖြစ်ဖြင့်ဟေဗြုန်မြို့တွင် ခုနစ်နှစ်ခွဲ၊ ဣသရေလပြည်တစ်ခုလုံးနှင့် ယုဒပြည်ဘုရင်အဖြစ်ဖြင့် ယေရုရှလင် မြို့တွင်သုံးဆယ့်သုံးနှစ်နန်းစံတော်မူ သတည်း။
ဟေ ဗြုန် မြို့၌၊ ယု ဒ အ နွယ် အ ပေါ် တွင် ခု နစ် နှစ် နှင့် ခြောက် လ၊ ယေ ရု ရှ လင် မြို့၌ ဣ သ ရေ လ ယု ဒ၊ တစ် မျိုး လုံး အ ပေါ် တွင် သုံး ဆယ့် သုံး နှစ် မင်း ပြု သ တည်း။
ဟေဗြုန်မြို့၌နေ၍ ယုဒပြည်ကို ခုနစ်နှစ်နှင့်ခြောက်လ မင်းပြု၏။ ယေရုရှလင်မြို့၌နေ၍ ယုဒပြည်နှင့် ဣသရေလပြည်တစ်လျှောက်လုံးကို အနှစ်သုံးဆယ်သုံးနှစ် မင်းပြု၏။
သင့်သခင်၏နန်းတော်၊ သင့်သခင်၏မိဖုရားတို့ကို သင့်ရင်ခွင်၌ ပေးအပ်ခဲ့ပြီ။ အစ္စရေးအမျိုးအနွယ်နှင့် ယုဒအမျိုးအနွယ်တို့ကိုလည်း သင့်ကို ပေးအပ်ထားပြီ။ ထိုသို့ပေးအပ်သည်ကိုပင် နည်းသေးသည်ဟု သင်ထင်လျှင် ဤမျှ၊ ထိုမျှမက သင့်ကို ထပ်၍ပေးနိုင်သေး၏။
ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့တွင် ယုဒအမျိုးအနွယ်တို့ကို ခုနစ်နှစ်နှင့် ခြောက်လတိုင်အောင် အချိန်ကြာကြာအုပ်ချုပ်ခဲ့၏။
ထိုအခါ ယုဒအမျိုးသားတို့သည် ရောက်လာ၍ ဒါဝိဒ်အား ယုဒအမျိုးအနွယ်တို့၏ဘုရင်အဖြစ် ထိုနေရာတွင် ဘိသိက်ပေးကြ၏။ သူတို့က ဒါဝိဒ်အား “ယာဗက်ဂိလဒ်မြို့သားတို့က ရှောလုမင်းကြီးကိုသင်္ဂြိုဟ်လိုက်ကြပါပြီ”ဟု ပြောပြကြသောအခါ
ဒါဝိဒ်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အနှစ်လေးဆယ်တိုင်တိုင် အုပ်စိုးခဲ့၏။ ဟေဗြုန်မြို့တွင် ခုနစ်နှစ်၊ ဂျေရုဆလင်မြို့တွင် သုံးဆယ့်သုံးနှစ် အုပ်စိုးခဲ့၏။
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
သူသည် အစ္စရေးလူမျိုးတို့ကို အနှစ်လေးဆယ်တိုင်တိုင် အုပ်စိုးခဲ့၏။ ဟေဗြုန်မြို့တွင် ခုနစ်နှစ်၊ ဂျေရုဆလင်မြို့တွင် သုံးဆယ့်သုံးနှစ် အုပ်စိုးခဲ့၏။
ဤသားခြောက်ဦးမှာ ဟေဗြုန်မြို့တွင် ရသောသားများဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့တွင် ခုနစ်နှစ်နှင့်ခြောက်လ၊ ဂျေရုဆလင်မြို့တွင် သုံးဆယ့်သုံးနှစ်စိုးစံခဲ့၏။