ဒါဝိဒ်မင်းကြီးကလည်း ထာဝရဘုရားထံမေးလျှောက်ပြန်ရာ ထာဝရဘုရားက “မျက်နှာချင်းဆိုင် မတက်နှင့်။ အနောက်ဘက်မှပတ်တက်ပြီး သူတို့ကို ပိုးစာတောရှေ့နားတွင် တိုက်ခိုက်လော့။
ဒါဝိဒ်သည်ထာဝရဘုရားထံတစ်ဖန်စုံစမ်း မေးလျှောက်ပြန်၏။ ကိုယ်တော်က``သူတို့အား ဤအရပ်မှနေ၍မတိုက်မခိုက်နှင့်။ သူတို့ ၏တပ်နောက်ဘက်ပိုင်းကိုကွေ့၍သွားပြီး လျှင်ပိုးစာတောအနီးမှတိုက်ခိုက်လော့။-
ဒါ ဝိဒ် မင်း သည် ထာ ဝ ရ ဘု ရား ထံ မေး လျှောက် သော် ရင် ဆိုင် မ တက် ရ။ နောက် သို့ ပန်း၍ ပိုး စာ မြိုင် အ နီး ချဉ်း ကပ် ပြီး မှ
ဒါဝိဒ်သည်လည်းမေးလျှောက်သော်၊ ထာဝရဘုရားက၊ တည့်တည့်မတက်ရ။ သူတို့နောက်သို့ဝိုင်း၍ ပိုးစာတောတစ်ဖက်၌ ချီရမည်။
ထို့နောက်မှ ဒါဝိဒ်က “ယုဒပြည်ရှိမြို့တစ်မြို့မြို့သို့ အကျွန်ုပ်သွားရပါမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက “သွားလော့”ဟု မိန့်ဆို၏။ ဒါဝိဒ်ကလည်း “မည်သည့်မြို့သို့ သွားရပါမည်နည်း”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ဟေဗြုန်မြို့သို့ သွားလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ထွက်တိုက်ရမည်လော။ သူတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက ဒါဝိဒ်မင်းကြီးအား “ထွက်တိုက်လော့။ ဖိလိတ္တိလူမျိုးတို့ကို သင့်လက်သို့ ငါအမှန်အပ်မည်”ဟု မိန့်တော်မူ၏။
ဒါဝိဒ်မင်းကြီးကလည်း ဘုရားသခင်ထံမေးလျှောက်ပြန်ရာ ဘုရားသခင်က “မျက်နှာချင်းဆိုင် မတက်နှင့်။ အနောက်ဘက်မှပတ်တက်ပြီး သူတို့ကို ပိုးစာတောရှေ့နားတွင် တိုက်ခိုက်လော့။
သင်သည် ဂျေရိခေါမြို့နှင့် ဂျေရိခေါဘုရင်ကိုပြုသကဲ့သို့ အာဣမြို့နှင့်အာဣဘုရင်ကိုပြုရမည်။ ထိုမြို့မှ တိုက်ယူသောပစ္စည်းနှင့်တိရစ္ဆာန်တို့ကိုကား သင်တို့အဖို့ သိမ်းယူခွင့်ရှိ၏။ မြို့အနောက်ဘက်၌ ကင်းပုန်းချထားလော့”ဟု မိန့်တော်မူ၏။
သင်တို့သည် ကင်းပုန်းချရာနေရာမှထွက်၍ မြို့ကိုသိမ်းပိုက်ရမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့ကို သင်တို့လက်သို့အပ်တော်မူမည်။
သူ့အတွက် ဘုရားသခင်ထံ မေးမြန်းပေးသည်မှာ ဤနေ့မှာ ပထမဆုံးအကြိမ်ဖြစ်သလော။ အရှင်မင်းကြီး စွပ်စွဲပြောဆိုသောစကားများသည် အကျွန်ုပ်နှင့် အကျွန်ုပ်ဖခင်၏အိမ်ထောင်မိသားစုများနှင့် ဝေးပါစေသော။ အရှင့်အစေအပါးသည် မည်သည့်အမှုကြီးငယ်ကိုမျှ မသိပါ”ဟု လျှောက်ဆို၏။
ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ် သွား၍တိုက်ခိုက်ရပါမည်လော”ဟု မေးလျှောက်ရာ ထာဝရဘုရားက ဒါဝိဒ်အား “ဖိလိတ္တိလူမျိုးတို့ကို သွား၍တိုက်ခိုက်ပြီး ကိလမြို့အား ကယ်တင်လော့”ဟု မိန့်တော်မူ၏။