၂ ရာ 5:13 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့မှ ဂျေရုဆလင်မြို့သို့ ရောက်လာပြီးနောက် ဂျေရုဆလင်မြို့တွင် မိဖုရားများ၊ မောင်းမငယ်များ ထပ်ယူပြီး သားသမီးများလည်း ထပ်မံရရှိလေ၏။ Common Language Bible ဒါဝိဒ်သည်ဟေဗြုန်မြို့မှပြောင်းရွှေ့သွားပြီး နောက်ယေရုရှလင်မြို့တွင်မောင်းမများနှင့် မိဖုရားများကို ထပ်မံသိမ်းပိုက်တော်မူ သဖြင့်သားသမီးများကိုထပ်မံရရှိ တော်မူပြန်၏။- Garrad Bible ဒါ ဝိဒ် မင်း သည် ဟေ ဗြုန် မြို့ မှ ရွှေ့ ပြောင်း၍ ယေ ရု ရှ လင် မြို့ မှာ စံ နေ သော အ ခါ အ ခြား မိ ဖု ရား နှင့် မောင်း မ တို့ ကို ယူ ပြန် သ ဖြင့် သား တော် သ မီး တော် များ ကို ရ သေး ၏။ Judson Bible ဒါဝိဒ်သည် ဟေဗြုန်မြို့မှပြောင်းသောနောက်၊ ယေရုရှလင်မြို့သူ မယားကြီးမယားငယ်တို့ကို ထပ်၍သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။ |
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။
ရှောလမုန်မင်းကြီးတွင် ဘုရင့်သမီးတော်ဖြစ်သောမိဖုရားအပါးခုနစ်ရာ၊ မောင်းမသုံးရာရှိ၏။ ထိုမိဖုရားတို့ကပင် သူ၏စိတ်နှလုံးကို လွဲသွားစေခဲ့ကြ၏။
ဟေဗြုန်မြို့၌ ဒါဝိဒ်မင်းကြီးရသောသားများတွင် သားဦးမှာ ယေဇရေလမြို့သူအဟိနောင်နှင့်ရသောအာမနုန်၊ ဒုတိယသားမှာ ကရမေလမြို့သူအဘိဂဲလနှင့်ရသောဒံယေလ၊
ဤသားများအပြင် မောင်းမများနှင့်ရသော ဒါဝိဒ်မင်းကြီး၏သားများလည်း ရှိသေး၏။ သူတို့တွင် တာမာဟူသောနှမတော်တစ်ဦးလည်း ရှိ၏။
အဘိယမင်းကြီးသည် အင်အားကြီးလာပြီး မိဖုရားတစ်ဆယ့်လေးယောက်ကို မြှောက်စား၍ သားတော်နှစ်ဆယ့်နှစ်ယောက်၊ သမီးတော်တစ်ဆယ့်ခြောက်ယောက်ကို ရ၏။
ထိုဘုရင်သည် စိတ်နှလုံးလမ်းမလွဲရအောင် မိဖုရားများစွာမထားရှိရ။ ရွှေ၊ ငွေကိုလည်း အလွန်အမင်းမစုဆောင်းရ။