တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
၂ ရာ 5:12 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။ Common Language Bible ထို့ကြောင့်ဒါဝိဒ်သည်မိမိအားဣသရေလ ဘုရင်အဖြစ်ဖြင့် ထာဝရဘုရားအတည် ပြုတော်မူကြောင်းနှင့်ကိုယ်တော်သည် မိမိ လူမျိုးတော်၏အကျိုးကိုထောက်၍ သူ၏ နိုင်ငံကိုသာယာဝပြောစေတော်မူ လျက်ရှိကြောင်းကိုသိမြင်လာလေသည်။ Garrad Bible ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး တော် အ တွက် ထို လူ မျိုး အ ပေါ် တွင် ဘု ရင် အ ဖြစ် တည် မြဲ စေ၍ အာ ဏာ ကြီး စေ တော် မူ ကြောင်း ကို ဒါ ဝိဒ် မင်း သိ မြင် လေ ၏။ Judson Bible ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူ ဣသရေလအမျိုးအဖို့ အလိုငှာ၊ နိုင်ငံကိုချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်၏။ |
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့မှ ဂျေရုဆလင်မြို့သို့ ရောက်လာပြီးနောက် ဂျေရုဆလင်မြို့တွင် မိဖုရားများ၊ မောင်းမငယ်များ ထပ်ယူပြီး သားသမီးများလည်း ထပ်မံရရှိလေ၏။
သင့်အမျိုးအနွယ်နှင့် သင့်နိုင်ငံသည် သင့်ရှေ့မှာ အစဉ်အမြဲတည်မြဲလိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။
တိုင်ရာဘုရင်ဟုရံမင်းကြီးကလည်း ရှောလမုန်မင်းကြီးထံ စာပြန်လိုက်သည်မှာ “ထာဝရဘုရားသည် မိမိလူမျိုးတော်ကိုချစ်မြတ်နိုး၍ အရှင်မင်းကြီးကို သူတို့၏ဘုရင်အဖြစ် ခန့်ထားတော်မူပြီ။
ဤအချိန်တွင် သင်နှုတ်ဆိတ်နေမည်ဆိုပါက ဂျူးလူမျိုးတို့ကို လွတ်မြောက်အောင် ကယ်တင်ပေးမည့်သူသည် အခြားတစ်နေရာမှပေါ်လာလိမ့်မည်။ သင်နှင့်သင့်ဖခင်အမျိုးအနွယ်မူကား ပျက်စီးရလိမ့်မည်။ ဤအချိန်ကာလအတွက် သင်သည် မိဖုရားဖြစ်လာခဲ့သလောဟု အဘယ်သူ သိနိုင်မည်နည်း”ဟု မှာကြားလိုက်၏။
အကျွန်ုပ်အား ဤနက်နဲသောအရာကို ဖွင့်ပြသည်မှာလည်း အကျွန်ုပ်သည် သက်ရှိလူသားအပေါင်းတို့ထက်ပို၍ ဉာဏ်ပညာရှိသောကြောင့်မဟုတ်ဘဲ အရှင်မင်းကြီးအား အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြ၍ မင်းကြီးစိတ်ထဲရှိအတွေးတို့ကို မင်းကြီးအား သိစေရန် ဖြစ်၏။
သူ့ရေပုံးမှ ရေစီးကျလိမ့်မည်။ သူ၏မျိုးစေ့သည် ရေလုံလောက်စွာ ရလိမ့်မည်။ သူ၏ရှင်ဘုရင်သည် အာဂတ်မင်းကြီးထက် မြင့်မြတ်၍ သူ၏နိုင်ငံသည်လည်း ချီးမြှောက်ခြင်း ခံရလိမ့်မည်။