ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့သည် ကြာရှည်စွာ စစ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးမှာ အင်အားကြီးလာသော်လည်း ရှောလုမင်းကြီးအမျိုးအနွယ်မှာ အားယုတ်လာ၏။
၂ ရာ 3:6 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့ စစ်ဖြစ်နေစဉ်ကာလတွင် အာဗနာသည် ရှောလုမင်းကြီးအမျိုးအနွယ်ထဲ၌ သြဇာအာဏာကြီးသူဖြစ်အောင် ကြိုးစားလေ၏။ Common Language Bible ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့်ဒါဝိဒ် ကိုထောက်ခံသူများဆက်လက်၍ စစ်ဖြစ်နေသည့် ကာလကြာလာသည်နှင့်အမျှအာဗနာသည် ရှောလု၏ဆွေတော်မျိုးတော်တို့အပေါ်တွင် ပို၍ပို၍တန်ခိုးအာဏာလွှမ်းမိုးလာလေ သည်။ Garrad Bible ရှော လု မင်း ဆွေ တော် မျိုး တော် တို့ နှင့် ဒါ ဝိဒ် မင်း ဆွေ တော် မျိုး တော် တို့ စစ် တိုက် ကြ သည့် ကာ လ အာ ဗ နာ သည် ရှော လု မင်း ဆွေ တော် မျိုး တော် တို့ တွင် ကိုယ် ကို အာ ဏာ ကြီး စေ လေ ၏။ Judson Bible ရှောလုအမျိုးနှင့်ဒါဝိဒ်အမျိုး စစ်တိုက်ကြစဉ်အခါ၊ အာဗနာသည် ရှောလုအမျိုးဘက်မှာ ကိုယ်ကိုခိုင်မာစေ၏။ |
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့သည် ကြာရှည်စွာ စစ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးမှာ အင်အားကြီးလာသော်လည်း ရှောလုမင်းကြီးအမျိုးအနွယ်မှာ အားယုတ်လာ၏။
ဆဋ္ဌမသားမှာ ဒါဝိဒ်မင်းကြီး၏မယား ဧဂလာနှင့်ရသောဣသရံ တို့ဖြစ်ကြ၏။ ဤသူတို့သည် ဟေဗြုန်မြို့တွင် ဒါဝိဒ်မင်းကြီးရသောသားများ ဖြစ်ကြ၏။
ထို့နောက် ယေဟုနှင့် ရေခပ်၏သားယောနဒပ်သည် ဗာလဘုရားဝတ်ကျောင်းထဲသို့ဝင်သွား၍ ဗာလဘုရားကိုဝတ်ပြုသူတို့အား “ဤနေရာတွင် ထာဝရဘုရားကို ဝတ်ပြုသူတို့မပါဘဲ ဗာလဘုရားကို ဝတ်ပြုသူများသာရှိစေရန် ကိုယ့်အနီးအနားကို စစ်ဆေးကြည့်လော့”ဟု ဆို၏။
မင်းကြီးသွားလိုလျှင် သွားလော့။ စစ်ပွဲအတွက်ကိုယ်ကိုခိုင်ခံ့အောင်လုပ်သော်လည်း ဘုရားသခင်သည် မင်းကြီးကို ရန်သူတို့ရှေ့မှာ ရှုံးနိမ့်စေလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် ကူညီနိုင်စွမ်း၊ ရှုံးနိမ့်စေနိုင်စွမ်းရှိ၏”ဟု ဆိုလေ၏။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
ရှောလုမင်းကြီး၏မိဖုရားမှာ အဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သူကြီးမှာ သူ့ဘထွေးနေရ၏သား အာဗနာဖြစ်၏။