ရှောလုမင်းကြီးနှင့် သူ့သားယောနသန်မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ်သောအစ္စရေးအမျိုးအနွယ်တို့သည် ဓားဖြင့် သေဆုံးကြရသောကြောင့် နေဝင်ချိန်တိုင်အောင် အစာရှောင်ငိုကြွေးမြည်တမ်းကြ၏။
၂ ရာ 3:34 - မြန်မာ့စံမီသမ္မာကျမ်း သင့်လက်ကိုမချုပ်နှောင်၊ သင့်ခြေကို ခြေချင်းမခတ်ဘဲ ကောက်ကျစ်သောသူ၏လက်ချက်ဖြင့် သင်သေရပါပြီတကား”ဟု ဆိုသဖြင့် လူအပေါင်းတို့သည် ထပ်မံငိုကြွေးကြပြန်၏။ Common Language Bible ရာဇဝတ်ကောင်၏လက်ချက်ဖြင့်သေရသူ နည်းတူ လက်ထိတ်မခတ်ခြေချင်းမစွဲဘဲ ကျဆုံးလေပြီတကား'' ဟူ၍ဖြစ်သည်။ ထိုအခါလူတို့သည်အာဗနာအတွက်ငို ကြွေးမြည်တမ်းကြပြန်၏။ Garrad Bible လူ ဆိုး တို့ လက် ဖြင့် ကျ ဆုံး သည့် နည်း တူ လက် ထိတ် မ ခတ်၊ ခြေ ချင်း မ စွဲ ဘဲ၊ ကျ ဆုံး လေ စွ တ ကား ဟု ဖွဲ့ ဆို လျှင် ပ ရိ သတ် လုံး လည်း ငို ကြွေး ကြ ပြန် ၏။ Judson Bible သင်၏လက်ကိုမချည်၊ သံချေချင်းမခတ်ဘဲ လူဆိုးလက်ဖြင့် သေသကဲ့သို့ သေရှာပါပြီတကားဟု မြွက်ဆို၏။ လူအပေါင်းတို့သည်လည်း တစ်ဖန် ငိုကြွေးကြ၏။ |
ရှောလုမင်းကြီးနှင့် သူ့သားယောနသန်မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ်သောအစ္စရေးအမျိုးအနွယ်တို့သည် ဓားဖြင့် သေဆုံးကြရသောကြောင့် နေဝင်ချိန်တိုင်အောင် အစာရှောင်ငိုကြွေးမြည်တမ်းကြ၏။
ရှင်ဘုရင်သည် အာဗနာအတွက် ငိုချင်းချရင်း “အာဗနာသည် လူမိုက်သေသကဲ့သို့ သေရပါပြီတကား။
ထို့နောက် နေမဝင်မီ လူအပေါင်းတို့သည် လာ၍ ဒါဝိဒ်မင်းကြီးအား စားတော်ခေါ်ရန် တိုက်တွန်းလေ၏။ သို့သော် ဒါဝိဒ်မင်းကြီးက “နေမဝင်မီ မုန့်ဖြစ်စေ၊ အစာတစ်စုံတစ်ရာကိုဖြစ်စေ စားမိလျှင် ဘုရားသခင်သည် ငါ့ကိုစီရင်တော်မူပါစေသော။ ထိုထက်မက ပြုတော်မူပါစေသော”ဟု ကျိန်ဆိုလေ၏။
လူသတ်သမားသည် အရုဏ်တက်ချိန်တွင် ထ၍ ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို သတ်တတ်၏။ ညဘက်တွင်မူကား သူသည် သူခိုးကဲ့သို့ဖြစ်၏။
လူမျိုးတကာတို့မှ ငိုချင်းသည်မိန်းမတို့က ငိုချင်းဆိုကြလိမ့်မည်။ အီဂျစ်ပြည်နှင့် သူ၏လူအလုံးအရင်းတို့ကြောင့် ငိုချင်းဆိုကြလိမ့်မည်။ ဤသည်ကား အီဂျစ်ပြည်အတွက် ငိုချင်းဖြစ်၏’ဟူ၍ ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။
လူကိုချောင်းမြောင်းတိုက်ခိုက်သောဓားပြကဲ့သို့ ယဇ်ပုရောဟိတ်အုပ်စုသည် ရှေခင်မြို့လမ်းတွင် လူကိုသတ်၏။ သူတို့သည် ရှက်ဖွယ်အမှုကို ပြုကြ၏။
ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။