ရှောလုမင်းကြီးနှင့် သူ့သားယောနသန်မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ်သောအစ္စရေးအမျိုးအနွယ်တို့သည် ဓားဖြင့် သေဆုံးကြရသောကြောင့် နေဝင်ချိန်တိုင်အောင် အစာရှောင်ငိုကြွေးမြည်တမ်းကြ၏။
၂ ရာ 3:32 - မြန်မာ့စံမီသမ္မာကျမ်း အာဗနာကို ဟေဗြုန်မြို့၌ သင်္ဂြိုဟ်ကြ၏။ ရှင်ဘုရင်သည် အာဗနာ၏သင်္ချိုင်းဂူနားတွင် ကျယ်လောင်စွာငိုကြွေး၏။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြလေ၏။ Common Language Bible အာဗနာကိုဟေဗြုန်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းမှာမင်းကြီးသည်အော်ဟစ်၍ငိုကြွေး တော်မူသဖြင့် အခြားသူအပေါင်းတို့သည် လည်းထိုနည်းတူပြုကြကုန်၏။- Garrad Bible ကိုယ် တော် တိုင် လိုက် ပို့ လျက် ဟေ ဗြုန် မြို့ တွင် သင်္ဂြိုဟ်ကြ ရာ မြေ ပုံ့ အ နီး ဘု ရင် မင်း အော် ဟစ် ငို ကြွေး သော် ပ ရိ သတ် လုံး ငို ကြွေး ကြ ကုန် ၏။ Judson Bible အာဗနာကိုဟေဗြုန်မြို့၌ သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းအနားမှာ ရှင်ဘုရင်သည် အသံကိုလွှင့်၍ ငိုကြွေး၏။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြ၏။ |
ရှောလုမင်းကြီးနှင့် သူ့သားယောနသန်မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ်သောအစ္စရေးအမျိုးအနွယ်တို့သည် ဓားဖြင့် သေဆုံးကြရသောကြောင့် နေဝင်ချိန်တိုင်အောင် အစာရှောင်ငိုကြွေးမြည်တမ်းကြ၏။
ထိုအခါ ရှင်ဘုရင်သည် တုန်လှုပ်လျက်၊ မြို့တံခါးအထက်ခန်းသို့ တက်သွားပြီးလျှင် လမ်းလျှောက်ရင်း ငိုကြွေးလျက် “အို ငါ့သား၊ ငါ့သား အဗရှလုံ၊ ငါ့သား အဗရှလုံ၊ အဘယ်ကြောင့် သင့်အစား ငါမသေရသနည်း။ အို ငါ့သား၊ ငါ့သား အဗရှလုံ”ဟု မြည်တမ်းလေ၏။
ဒါဝိဒ်မင်းကြီးက လုလင်တို့အား အမိန့်ပေးလိုက်ရာ လုလင်တို့သည်လည်း ထိုညီအစ်ကိုကိုသတ်ပြီး ခြေလက်တို့ကိုဖြတ်ကာ ဟေဗြုန်မြို့ရှိရေကန်အနီးတွင် ချိတ်ဆွဲထားလေ၏။ ထို့နောက် ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကိုယူ၍ ဟေဗြုန်မြို့ရှိ အာဗနာ၏သင်္ချိုင်း၌ သင်္ဂြိုဟ်လိုက်ကြ၏။
ဤသို့ပြုခြင်းသည်လည်း အထက်အရပ်ရှိဘုရားသခင်ကို ငြင်းဆန်ရာရောက်သဖြင့် ဒဏ်ခံထိုက်သောအပြစ် ဖြစ်၏။
ငါ့ကိုမုန်းသောသူတို့ ဘဝပျက်သောအခါ ငါဝမ်းမြောက်၍ ဒုက္ခရောက်သောအခါ ငါကခုန်ခဲ့ဖူးသလော။
သင်၏ရန်သူလဲကျသောအခါ ဝမ်းမြောက်ခြင်းမရှိနှင့်။ သူခလုတ်တိုက်သောအခါ၌လည်း သင်၏စိတ်နှလုံးရွှင်လန်းခြင်းမရှိစေနှင့်။
ဒါဝိဒ်နှင့်သူ့လူတို့သည် ငိုကြွေးဖို့ အားမရှိတော့လောက်အောင်ပင် အသံကုန်ငိုကြွေးကြလေ၏။