ထိုအခါ သူတို့သည် မိမိတို့ခံရသည့်ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကထဲမှ သူတို့ကို ကယ်နုတ်တော်မူ၏။
၂ ရာ 22:7 - မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲဒုက္ခရောက်စဉ် ငါသည် ထာဝရဘုရားကို ခေါ်ပါ၏။ ငါ၏ဘုရားသခင်ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ဗိမာန်တော်ထဲမှ ကြားတော်မူပါ၏။ ငါ၏အော်ဟစ်သံသည်လည်း နားတော်သို့ရောက်ပါ၏။ Common Language Bible ငါသည်ဒုက္ခရောက်၍ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ ကူမတော်မူရန်ငါ၏ဘုရားသခင်အား ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲမှာငါ၏အသံ ကို ကြားတော်မူ၏။ ကူမတော်မူရန်ငါဟစ်ခေါ်သံကိုကြားတော် မူ၏။ Garrad Bible ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် ခေါ် တောင်း လျှောက် သည့် ကာ လ ကိုယ် တော် သည် ဗိ မာန် တော် ထဲ မှ ငါ့ လျှောက် သံ ကို ကြား လျက် ငါ့ ဟစ် ခေါ် သံ ကို နား ညောင်း တော် မူ ၏။ Judson Bible ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကိုခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲမှာ ကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ဝင်လေ၏။ |
ထိုအခါ သူတို့သည် မိမိတို့ခံရသည့်ဆင်းရဲဒုက္ခထဲမှ ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ကြရာ ကိုယ်တော်သည် သူတို့၏ပူပင်သောကထဲမှ သူတို့ကို ကယ်နုတ်တော်မူ၏။
ထိုအခါ ငါသည် “အို ထာဝရဘုရား၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လွတ်မြောက်စေတော်မူပါ”ဟု ထာဝရဘုရား၏နာမတော်ကို ခေါ်၍တောင်းလျှောက်၏။
ငါသည် ဆင်းရဲဒုက္ခရောက်သောအခါ ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် ငါ့ကိုထူးတော်မူ၏။
ဆင်းရဲဒုက္ခရောက်စဉ် ငါသည် ထာဝရဘုရားကို ခေါ်ပါ၏။ ငါ၏ဘုရားသခင်ကို အကူအညီအော်ဟစ်တောင်းခံပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ဗိမာန်တော်ထဲမှ ကြားတော်မူပါ၏။ ငါ၏အော်ဟစ်သံသည်လည်း ကိုယ်တော်၏ရှေ့တော်၊ ကိုယ်တော်၏နားတော်သို့ရောက်ပါ၏။
ထာဝရဘုရား၏ခန့်ညားတင့်တယ်ခြင်းကို ဖူးမြော်ရန်နှင့် ကိုယ်တော်၏ဗိမာန်တော်၌ စူးစမ်းဆင်ခြင်လျက်နေရန် ငါအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်၌နေရမည့်အကြောင်း တစ်ခုတည်းကို ထာဝရဘုရားထံ၌ ငါတောင်းလျှောက်ပြီ။ ထိုအခွင့်ကို ငါရှာမည်။
အဖိနှိပ်ခံရသောဤသူ ခေါ်သောအခါ ထာဝရဘုရားသည် နားထောင်၍ သူ၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူ့ကိုကယ်တင်တော်မူ၏။
ထာဝရဘုရားက “အီဂျစ်ပြည်၌ရှိသောငါ့လူမျိုးတော်ခံရသည့် ဖိစီးနှိပ်စက်မှုကို အမှန်တကယ် ငါမြင်ပြီ။ အဓမ္မစေခိုင်းသူများကြောင့် သူတို့၏အော်ဟစ်ငိုကြွေးသံကိုလည်း ငါကြားပြီ။ အကယ်စင်စစ် သူတို့၏ဒုက္ခဝေဒနာများကို ငါသိပြီ။
ထိုအခါ ငါက ‘အကျွန်ုပ်သည် ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသော်လည်း ကိုယ်တော်ရှိရာသန့်ရှင်းသောဗိမာန်တော်သို့ အကျွန်ုပ်မျှော်ကြည့်လျက်နေပါမည်’ဟု ဆို၏။
အကျွန်ုပ်စိတ်ဝိညာဉ် ညှိုးငယ်သောအခါ ထာဝရဘုရားကို အောက်မေ့ပါ၏။ အကျွန်ုပ်ဆုတောင်းသံသည် ကိုယ်တော်ရှိရာသန့်ရှင်းသောဗိမာန်တော်သို့ ရောက်ပါ၏။
ထာဝရဘုရားသည် သန့်ရှင်းရာဗိမာန်တော်၌ စံမြန်းတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့”ဟု တုံ့ပြန်မိန့်ဆိုတော်မူ၏။
ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။