ထို့နောက် ကုရှိအမျိုးသားသည်ရောက်လာပြီး “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သတင်းကောင်းကို လျှောက်တင်ပါရစေ။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးအား ဆန့်ကျင်တိုက်ခိုက်နေသောသူအပေါင်းတို့ကို ရှုံးစေတော်မူပြီ”ဟု လျှောက်တင်လေ၏။
၂ ရာ 22:49 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏ရန်သူတို့လက်မှ ငါ့ကိုလွတ်မြောက်စေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အပေါ် အကျွန်ုပ်ကိုချီးမြှောက်တော်မူပြီး ရက်စက်ကြမ်းကြုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူ၏။ Common Language Bible ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် အကျွန်ုပ်အားရန်သူများကိုအောင်မြင်ခွင့် ပေးတော်မူ၍ အကြမ်းဖက်သူတို့၏ဘေးမှကွယ်ကာ စောင့်ရှောက်တော်မူ၏။ Garrad Bible ကိုယ် တော် သည် အ ကျွန်ုပ် ကို ထ ကြွ သူ တို့ ထက် ချီး မြှင့်၍ ကြမ်း ကြုတ် သူ လက် မှ ကယ် လွှတ် တော် မူ ပါ၏။ Judson Bible ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တစ်ဖက်၌ထသော သူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကိုမြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ |
ထို့နောက် ကုရှိအမျိုးသားသည်ရောက်လာပြီး “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သတင်းကောင်းကို လျှောက်တင်ပါရစေ။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးအား ဆန့်ကျင်တိုက်ခိုက်နေသောသူအပေါင်းတို့ကို ရှုံးစေတော်မူပြီ”ဟု လျှောက်တင်လေ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ် မိမိအား မင်းမြှောက်ခဲ့ကြောင်းနှင့် လူမျိုးတော်အစ္စရေးတို့အဖို့ မိမိနိုင်ငံကို ချီးမြှောက်တော်မူခဲ့ကြောင်းကို ဒါဝိဒ်မင်းကြီးသိနားလည်၏။
အို ထာဝရဘုရား၊ ဆိုးညစ်သောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။ ရက်စက်ကြမ်းကြုတ်သောသူ၏ရန်မှ အကျွန်ုပ်ကို ကာကွယ်တော်မူပါ။
အို ထာဝရဘုရား၊ ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။ အကျွန်ုပ်ကိုခြေထိုးရန်ကြံစည်သည့် ရက်စက်ကြမ်းကြုတ်သောသူ၏ရန်မှ အကျွန်ုပ်ကိုကာကွယ်တော်မူပါ။
ငါ၏ရန်သူတို့လက်မှ ငါ့ကိုလွတ်မြောက်စေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆန့်ကျင်သော သူတို့အပေါ် အကျွန်ုပ်ကိုချီးမြှောက်တော်မူပြီး ရက်စက်ကြမ်းကြုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူ၏။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့အား ရန်ဖက်ပြုသောသူတို့ကို ကိုယ်တော်အားဖြင့် တွန်းလှန်ကြပါ၏။ အကျွန်ုပ်တို့တစ်ဖက်၌ထကြွသောသူတို့ကို ကိုယ်တော်၏နာမတော်အားဖြင့် နင်းချေကြပါ၏။
အို ခွန်အားကြီးသောသူ၊ သင်သည် မကောင်းမှု၌ အဘယ်ကြောင့် ဂုဏ်ယူဝါကြွားသနည်း။ ဘုရားသခင်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
သူ့ရေပုံးမှ ရေစီးကျလိမ့်မည်။ သူ၏မျိုးစေ့သည် ရေလုံလောက်စွာ ရလိမ့်မည်။ သူ၏ရှင်ဘုရင်သည် အာဂတ်မင်းကြီးထက် မြင့်မြတ်၍ သူ၏နိုင်ငံသည်လည်း ချီးမြှောက်ခြင်း ခံရလိမ့်မည်။
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။