အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ 22:46 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တိုင်းတစ်ပါးသား​တို့​သည် လက်မှိုင်ချ​၍ မိမိ​တို့​၏​ခြေကုပ်စခန်း​များ​ထဲမှ တုန်လှုပ်​လျက်​ထွက်လာ​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​သည်​ရဲ​စွမ်း​သတ္တိ​မ​ရှိ​ကြ​တော့​ဘဲ မိ​မိ​တို့​၏ ရဲ​တိုက်​များ​မှ​တုန်​လှုပ်​လျက်​ထွက်​လာ​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

နိုင် ငံ ခြား သား တို့ သည် ညှိုး နွမ်း ၍ ပုန်း ကွယ် ရာ များ မှ တုန် လှုပ် လျက် ထွက် လာ ရ ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ညှိုး​နွမ်း​သည်​ဖြစ်၍ ခို​လှုံ​ရာ​အ​ရပ်​ထဲ​က တုန်​လှုပ်​လျက် ထွက်​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။



၂ ရာ 22:46
7 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ကို​ခြောက်လှန့်​ရန် ထ​တော်မူ​သောအခါ ကိုယ်တော်​၏​ကြောက်မက်ဖွယ်​အမှု​နှင့် ဘုန်းတန်ခိုး​အရှိန်အဝါ​ရှေ့​မှ ပုန်းရှောင်​ရန် လူ​တို့​သည် ကျောက်​လိုဏ်ဂူ​များ​၊ မြေ​တွင်း​များ​ထဲသို့ ပြေးဝင်​ကြ​လိမ့်မည်​။


ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ကို​ခြောက်လှန့်​ရန် ထ​တော်မူ​သောအခါ ကိုယ်တော်​၏​ကြောက်မက်ဖွယ်​အမှု​နှင့် ဘုန်းတန်ခိုး​အရှိန်အဝါ​ရှေ့​မှ ပုန်းရှောင်​ရန် လူ​တို့​သည် ကျောက်ဆောင်​အက်ကွဲကြောင်း​များ​၊ ကျောက်ဂူ​များ​ထဲသို့ ပြေးဝင်​ကြ​လိမ့်မည်​။


အကျွန်ုပ်​တို့​အားလုံး​သည် မစင်ကြယ်​သော​သူ​ကဲ့သို့​ဖြစ်​ကြ​၏​။ အကျွန်ုပ်​တို့​၏​ဖြောင့်မတ်​သော​လုပ်ဆောင်မှု​ရှိသမျှ​သည်​လည်း ညစ်ပေ​သော​အဝတ်​နှင့်​တူ​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​အားလုံး​သည် သစ်ရွက်​ကဲ့သို့​ညှိုးနွမ်း​၍ အကျွန်ုပ်​တို့​၏​ဒုစရိုက်​များ​သည်​လည်း လေ​ကဲ့သို့ အကျွန်ုပ်​တို့​ကို တိုက်ချ​၏​။


ကရမေလ​တောင်ထိပ်​တွင် ပုန်းရှောင်​နေ​လျှင် သူ​တို့​ကို ရှာ​ပြီး ထို​အရပ်​မှ ငါ​ဖမ်းခေါ်​လာ​မည်​။ ငါ​မမြင်​အောင် ပင်လယ်​ကြမ်းပြင်​တွင် ပုန်း​နေ​လျှင် ထို​နေရာ​၌​ပင် မြွေနဂါး​ကို အမိန့်ပေး​၍ သူ​တို့​အား ကိုက်​စေ​မည်​။


သူ​တို့​သည် မြွေ​ကဲ့သို့ မြေမှုန့်​ကို​လျက်​ရ​လိမ့်မည်​။ မြေကြီး​ပေါ်၌ တွားသွားသောသတ္တဝါ​ကဲ့သို့ မိမိ​ရဲတိုက်​ထဲမှ တုန်တုန်ရီရီ​နှင့် ထွက်လာ​ရ​လိမ့်မည်​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ကြောက်ရွံ့တုန်လှုပ်​လျက်​နေ​ရ​လိမ့်မည်​။ သင့်​ကို​လည်း ကြောက်ရွံ့​ကြ​လိမ့်မည်​။


နေ​သည် အပူရှိန်​နှင့်တကွ​ထွက်လာ​သောအခါ မြက်​ပင်​ကို ညှိုးနွမ်း​ခြောက်သွေ့​စေ​တတ်​၏။ ထိုအခါ မြက်​ပွင့်​သည်​ကြွေ​၍ ၎င်း​၏​တင့်တယ်​သော​အဆင်း​သည်​ပျက်စီး​သွား​၏။ ထိုနည်းတူ ချမ်းသာ​သော​သူ​သည်​လည်း မိမိ​၏​စီးပွား​ရှာဖွေ​မှု​အလယ်​၌​ပင် မှေးမှိန်​ကွယ်ပျောက်​သွား​လိမ့်မည်။


သူ​တို့​နှစ်ဦးစလုံး​သည် ဖိလိတ္တိ​ကင်းတပ်​ရှေ့​တွင် လူရိပ်ပြ​လေ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​က​လည်း “​ကြည့်​ပါ​။ ဟေဗြဲ​လူမျိုး​တို့​သည် ပုန်းခို​ရာ​တွင်း​ထဲမှ ထွက်လာ​ကြ​ပြီ​”​ဟု ဆို​ပြီးလျှင်