ဒါဝိဒ်မင်းကြီးသည် ယာဗက်ဂိလဒ်မြို့မှ ရှောလုမင်းကြီးနှင့် သားတော်ယောနသန်တို့၏အရိုးများကို ယူလာ၏။ ကြိုးဒဏ်ခံရသောသူတို့၏အရိုးများကိုလည်း စုသိမ်းစေ၏။
၂ ရာ 21:14 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးနှင့် သားတော်ယောနသန်တို့၏အရိုးကို ဗင်္ယာမိန်ပြည်၊ ဇေလမြို့ရှိ ရှောလုမင်းကြီး၏ဖခင် ကိရှ၏သင်္ချိုင်းတွင် သင်္ဂြိုဟ်လိုက်ကြ၏။ ရှင်ဘုရင်၏အမိန့်တော်အတိုင်း အလုံးစုံပြုပြီးသောအခါမှ ဘုရားသခင်သည် ပြည်တော်အတွက် ဆုတောင်းသံကို နားညောင်းတော်မူလေ၏။ Common Language Bible ထိုနောက်သူတို့သည်ထိုအရိုးများကိုရှောလု နှင့်ယောနသန်၏အရိုးတို့နှင့်အတူဗင်္ယာမိန် နယ်၊ ဇေလမြို့ရှိရှောလု၏ခမည်းတော်ကိရှ ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ သူတို့သည်မင်း ကြီးမိန့်မှာတော်မူလိုက်သမျှတို့ကိုဆောင် ရွက်ကြ၏။ ထိုနောက်ဘုရားသခင်သည်ပြည် တော်အတွက် ထိုသူတို့တောင်းလျှောက်သည့် ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူ၏။ Garrad Bible ဗင်္ယာ မိန် နယ်၊ ဇေ လ မြို့၊ ရှော လု မင်း ခ မည်း တော် ကိ ရှ၏ သင်္ချိုင်း၌ စျာ ပ န ပြု ကြ လေ၏။ ဘု ရင် မင်း မိန့် မှာ သ မျှ အ တိုင်း ဆောင် ရွက် ပြီး စီး ကြ သည့် ကာ လ ပြည် တော် အ ဖို့ ပြု သော ပ ဌ နာ များ ကို ဘု ရား သ ခင် နား ညောင်း တော် မူ ၏။ Judson Bible ဗင်္ယာမိန်ပြည်၊ ဇေလရွာ၊ ရှောလုအဘကိရှ၏သင်္ချိုင်း၌သင်္ဂြိုဟ်၍၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြပြီးသည်နောက်၊ နိုင်ငံတော်အဖို့ ဆုတောင်းသောစကားကို ဘုရားသခင်နားထောင်တော်မူ၏။ |
ဒါဝိဒ်မင်းကြီးသည် ယာဗက်ဂိလဒ်မြို့မှ ရှောလုမင်းကြီးနှင့် သားတော်ယောနသန်တို့၏အရိုးများကို ယူလာ၏။ ကြိုးဒဏ်ခံရသောသူတို့၏အရိုးများကိုလည်း စုသိမ်းစေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း တိုင်းပြည်အတွက် အသနားခံသည်ကို နားညောင်းတော်မူပြီး အစ္စရေးလူမျိုးတို့ ခံရသောဘေးဒဏ်ကို ငြိမ်းစေလေ၏။
အာဗနာကို ဟေဗြုန်မြို့၌ သင်္ဂြိုဟ်ကြ၏။ ရှင်ဘုရင်သည် အာဗနာ၏သင်္ချိုင်းဂူနားတွင် ကျယ်လောင်စွာငိုကြွေး၏။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြလေ၏။
ဒါဝိဒ်မင်းကြီးက လုလင်တို့အား အမိန့်ပေးလိုက်ရာ လုလင်တို့သည်လည်း ထိုညီအစ်ကိုကိုသတ်ပြီး ခြေလက်တို့ကိုဖြတ်ကာ ဟေဗြုန်မြို့ရှိရေကန်အနီးတွင် ချိတ်ဆွဲထားလေ၏။ ထို့နောက် ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကိုယူ၍ ဟေဗြုန်မြို့ရှိ အာဗနာ၏သင်္ချိုင်း၌ သင်္ဂြိုဟ်လိုက်ကြ၏။
ထို့နောက် ယောနကိုချီမ၍ ပင်လယ်ထဲသို့ပစ်ချကြလျှင် ပင်လယ်ပြင်မှ ပြင်းထန်သောလေမုန်တိုင်းကြီးလည်း ငြိမ်သက်သွားလေ၏။
ထို့နောက် သူသည် ငါ့ကိုခေါ်၍ “ကြည့်ရှုလော့။ မြောက်ပြည်သို့သွားသောသူတို့သည် ထိုပြည်၌ ငါ့စိတ်ကို သက်သာစေကြပြီ”ဟု မြွက်ဆို၏။
ထာဝရယဇ်ပုရောဟိတ်အရိုက်အရာဆိုင်ရာပဋိညာဉ်သည် သူမှစ၍ နောင်လာမည့် သူ၏သားစဉ်မြေးဆက်အတွက်ဖြစ်၏။ အကြောင်းမူကား သူသည် မိမိ၏ဘုရားသခင်အစား သဝန်တို၍ အစ္စရေးအမျိုးသားတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောကြောင့် ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထိုအစ္စရေးအမျိုးသားနောက် တဲအတွင်းသို့ လိုက်ဝင်သွား၍ အစ္စရေးအမျိုးသားနှင့် ထိုမိန်းမ နှစ်ဦးစလုံးတို့၏ဗိုက်ကို လှံနှင့်ထိုးလေ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့တွင် ဘေးဒဏ်ငြိမ်းလေ၏။
ဇေလမြို့၊ ဧလပ်မြို့၊ ဂျေရုဆလင် ခေါ် ယေဗုသိမြို့၊ ဂိဗာမြို့၊ ကိရယတ်မြို့ စသည့်မြို့ပေါင်း တစ်ဆယ့်လေးမြို့နှင့်ရွာများ ပါ၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေဖြစ်၏။
ထို့နောက် သူ့အပေါ် ကျောက်ပုံကြီးကို ပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။ ထိုအခါ ထာဝရဘုရားသည် အမျက်ပြင်းစွာထွက်ရာမှ ပြေလေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဝှမ်းဟုမှည့်ခေါ်လေ၏။
ယနေ့ ငါ့ထံမှ သင်ပြန်သွားလျှင် ဗင်္ယာမိန်နယ်စပ်၊ ဇေလဇအရပ်ရှိ ရာခေလသင်္ချိုင်းအနားတွင် လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က သင့်အား ‘သင်သွားရှာသောမြည်းတို့ကို ပြန်တွေ့ပြီ။ ယခု သင့်ဖခင်သည် မြည်းတို့အတွက် မစိုးရိမ်တော့ဘဲ ငါ့သားအဖို့ မည်သို့ပြုရမည်နည်းဟု ဆိုပြီး သင်တို့အတွက် စိုးရိမ်လျက်ရှိ၏’ဟု သင့်ကို ပြောလိမ့်မည်။