ရှင်ဘုရင်ပြန်ကြွ၍ ဂျော်ဒန်မြစ်နားသို့ရောက်လာ၏။ ယုဒလူမျိုးတို့သည်လည်း ရှင်ဘုရင်ကိုကြိုဆို၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ သွားရောက်ပို့ဆောင်ရန် ဂိလဂါလမြို့သို့ ရောက်လာကြ၏။
၂ ရာ 20:2 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်မင်းကြီးနောက်သို့လိုက်ရာမှလှည့်၍ ဗိခရိ၏သားရှေဘ နောက်သို့လိုက်ကြ၏။ ယုဒအမျိုးသားတို့မူကား ဂျော်ဒန်မြစ်မှ ဂျေရုဆလင်မြို့တိုင်အောင် မိမိတို့ရှင်ဘုရင်နောက်တော်သို့ ထက်ကြပ်မကွာလိုက်ကြ၏။ Common Language Bible ထို့ကြောင့်ဣသရေလပြည်မှလူတို့သည် ဒါဝိဒ်ကိုစွန့်၍ ရှေဘနှင့်လိုက်သွားကြ၏။ ယုဒပြည်မှလူတို့မူကားသစ္စာမဖောက်ဘဲ ယော်ဒန်မြစ်မှယေရုရှလင်မြို့တိုင်အောင် ဒါဝိဒ်နှင့်လိုက်သွားကြလေသည်။ Garrad Bible ဣ သ ရေ လ သူ ရဲ အ ပေါင်း တို့ သည် ဒါ ဝိဒ် မင်း ထံ မှ ထွက် ခွာ၍ ဗိ ခ ရိ သား ရှေ ဘ နောက် သို့ လိုက် သွား ကြ ၏။ ယု ဒ သူ ရဲ တို့ မူ ကား ယော် ဒန် မြစ် မှ ယေ ရု ရှ လင် မြို့ ရောက်၊ ကိုယ့် ဘု ရင် မင်း နှင့် မ ကွာ လိုက် ကြ ကုန်၏။ Judson Bible ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှထွက်၍ ဗိခရိသားရှေဘနောက်သို့ လိုက်ကြ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။ |
ရှင်ဘုရင်ပြန်ကြွ၍ ဂျော်ဒန်မြစ်နားသို့ရောက်လာ၏။ ယုဒလူမျိုးတို့သည်လည်း ရှင်ဘုရင်ကိုကြိုဆို၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ သွားရောက်ပို့ဆောင်ရန် ဂိလဂါလမြို့သို့ ရောက်လာကြ၏။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
အမှုကား ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်ပေါ်ဒေသမှ ဗိခရိ၏သား ရှေဘအမည်ရှိသူသည် ဒါဝိဒ်မင်းကြီးကို ဆန့်ကျင်ပုန်ကန်ပြီ။ သူ့ကိုသာ အပ်ပါ။ ထိုသို့ပြုလျှင် ဤမြို့မှ ငါထွက်ခွာမည်”ဟု ပြန်ပြောသောအခါ ထိုအမျိုးသမီးက ယွာဘအား “စောင့်ကြည့်ပါ။ သူ၏ဦးခေါင်းကို မြို့ရိုးမှတစ်ဆင့် သင့်ထံ ပစ်ချပေးမည်”ဟု ဆို၏။
ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်ရှိရာဂျေရုဆလင်မြို့သို့ ပြန်ရောက်လျှင် နန်းတော်ကို စောင့်ရှောက်ရန်ထားခဲ့သော မောင်းမဆယ်ဦးကိုခေါ်၍ အကျယ်ချုပ်ချထားလိုက်လေ၏။ ရှင်ဘုရင်သည် သူတို့ကို အစာရေစာထောက်ပံ့ပေးသော်လည်း သူတို့ထံ မဝင်တော့ချေ။ သူတို့သည် သေသည့်နေ့တိုင်အောင် မုဆိုးမဘဝနှင့် အကျယ်ချုပ်ခံရကြ၏။
ယေရောဗောင်ပြန်ရောက်လာပြီဖြစ်ကြောင်းကို အစ္စရေးလူမျိုးတစ်မျိုးလုံး ကြားသိလျှင် လူလွှတ်၍ သူ့ကို လူထုရှေ့သို့ခေါ်လာစေပြီး အစ္စရေးလူမျိုးအပေါင်းတို့ကို အုပ်ချုပ်ရန် မင်းမြှောက်လိုက်လေ၏။ ယုဒအမျိုးမှတစ်ပါး ဒါဝိဒ်မင်းမျိုးမင်းနွယ်နောက်သို့လိုက်သောသူမရှိ။
သို့သော် ယုဒမြို့ရွာများတွင်နေထိုင်သော အစ္စရေးအမျိုးသားတို့ကိုကား ရောဗောင်မင်းကြီးအုပ်စိုးရ၏။
အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။