ယွာဘ၏နောက်လိုက်လုလင်တစ်ဦးသည် အာမသအနီးတွင်ရပ်လျက် “ယွာဘနှင့် ဒါဝိဒ်မင်းကြီးဘက်ပါသောသူ မည်သူမဆို ယွာဘနောက်သို့လိုက်ကြလော့”ဟု အော်ပြော၏။
ယွာဘ၏ငယ်သားတစ်ယောက်သည်အာမသ ၏အလောင်းအနီးတွင်ရပ်လျက်``ယွာဘနှင့် ဒါဝိဒ်၏ဘက်သားမှန်သမျှသည်ယွာဘ နောက်သို့လိုက်ကြလော့'' ဟုအော်ဟစ်၏။-
လမ်း လယ် တွင် ကိုယ့် အ သွေး ၌ လူး လှိမ့် နေ သော အာ မ သ အ လောင်း အ နီး ရပ် နေ သူ ယွာ ဘ ၏ လု လင် တစ် ယောက် က ဒါ ဝိဒ် မင်း ဘက် ပါ သူ ယွာ ဘ ကို အ လို ရှိ သူ တို့ ယွာ ဘ နောက် သို့ လိုက် ကြ လော့ ဟု ကြော် ငြာ စဉ် ထို နေ ရာ သို့ ရောက် သူ တပ် သား အ ပေါင်း တို့ ရပ် ကြည့် ကြ သည် ကို မြင် သော ကြောင့် အာ မ သ အ လောင်း ကို လမ်း မှ ချီ ယူ၍ ကွင်း ပြင် သို့ ရွှေ့ ပြီး လျှင် အ ဝတ် နှင့် ဖုံး ထား လေ ၏။
သူအနားမှာ ယွာဘ၏လူတစ်ယောက်သည်ရပ်၍ ယွာဘနှင့်ဒါဝိဒ်ဘက်၌ နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို၏။
အာမသသည် လမ်းအလယ် သွေးအိုင်ထဲတွင် လဲကျနေ၏။ လမ်းသွားလမ်းလာသူတို့ သူ့နားရောက်လာလျှင် ရပ်၍ကြည့်နေကြ၏။ လုလင်တစ်ဦးက ထိုသို့ ထိုနေရာသို့ရောက်လာသောသူတိုင်း ရပ်ကြည့်နေသည်ကို မြင်လျှင် အာမသကို လမ်းမဘေးရှိလယ်ကွင်းထဲသို့ ဆွဲသွားပြီး သူ့ကို အဝတ်နှင့်ဖုံးထားလိုက်၏။
ထိုသို့ အာမသကို လမ်းမမှရွှေ့လိုက်ပြီးမှ လူအပေါင်းတို့သည် ဗိခရိ၏သား ရှေဘကိုဆက်လိုက်ရန် ယွာဘနောက်သို့ လိုက်သွားကြလေ၏။
အမှုကား ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်ပေါ်ဒေသမှ ဗိခရိ၏သား ရှေဘအမည်ရှိသူသည် ဒါဝိဒ်မင်းကြီးကို ဆန့်ကျင်ပုန်ကန်ပြီ။ သူ့ကိုသာ အပ်ပါ။ ထိုသို့ပြုလျှင် ဤမြို့မှ ငါထွက်ခွာမည်”ဟု ပြန်ပြောသောအခါ ထိုအမျိုးသမီးက ယွာဘအား “စောင့်ကြည့်ပါ။ သူ၏ဦးခေါင်းကို မြို့ရိုးမှတစ်ဆင့် သင့်ထံ ပစ်ချပေးမည်”ဟု ဆို၏။
ထို့နောက် ရှင်ဘုရင်က အာမသအား “သုံးရက်အတွင်း ယုဒအမျိုးသားတို့ကို ငါ့ထံလာရောက်စုဝေးစေပါ။ သင်ကိုယ်တိုင်လည်း ပါရမည်”ဟု မိန့်ဆို၏။
ထိုအခါ ယေဟုက ပြတင်းပေါက်သို့မော့ကြည့်ပြီး “မည်သူရှိသနည်း၊ ငါ့ဘက်မှာ မည်သူနေမည်နည်း”ဟု မေး၏။ ထိုအခါ မိန်းမစိုးနှစ်ဦးသုံးဦးက သူ့ကို ငုံ့ကြည့်ကြသဖြင့်