အစ္စရေးသည် သေရမည့်နေ့ရက်နီးသောအခါ မိမိသားယောသပ်အားခေါ်၍ “ယခု ငါသည် သင့်ရှေ့၌မျက်နှာရလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီး ငါ့အားမေတ္တာကရုဏာပြ၍ သစ္စာပြုပါ။ အီဂျစ်ပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
၂ ရာ 2:32 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် အာသဟေလအလောင်းကို သူ့ဖခင်သင်္ချိုင်းရှိရာ ဗက်လင်မြို့သို့ သယ်သွားပြီး သင်္ဂြိုဟ်ကြ၏။ ထို့နောက် ယွာဘနှင့်သူ့လူတို့သည် ညတွင်းချင်းပြန်လာကြရာ မိုးလင်းမှ ဟေဗြုန်မြို့သို့ ပြန်ရောက်ကြ၏။ Common Language Bible ယွာဘတို့လူစုသည်အာသဟေလ၏အလောင်း ကိုယူ၍ ဗက်လင်မြို့ရှိမိသားစုဂူတွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူတို့သည်တစ်ညဥ့်လုံးခရီး ပြုကြရာအရုဏ်တက်ချိန်၌ဟေဗြုန်မြို့သို့ ရောက်ရှိကြ၏။ Garrad Bible အာ သ ဟေ လ၏ အ လောင်း ကို ထမ်း ယူ၍ ဗက် လင် မြို့ ရှိ သူ့ အ ဖ သင်္ချိုင်း တွင် သင်္ဂြိုဟ် ကြ ပြီး လျှင်၊ ယွာ ဘ နှင့် အ ပေါင်း ပါ တို့ သည် ညဉ့် ချင်း ရောက် ချီ သွား၍ ဟေ ဗြုန် မြို့ သို့ အ ရုဏ် တက် အ ချိန် ရောက် ကြ၏။ Judson Bible အာသဟေလ၏အလောင်းကိုထမ်းသွား၍ ဗက်လင်မြို့၌ရှိသော သူ့အဘ၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။ ယွာဘနှင့် သူ၏လူတို့သည် တစ်ညလုံးသွား၍၊ မိုးလင်းစတွင် ဟေဗြုန်မြို့သို့ရောက်ကြ၏။ |
အစ္စရေးသည် သေရမည့်နေ့ရက်နီးသောအခါ မိမိသားယောသပ်အားခေါ်၍ “ယခု ငါသည် သင့်ရှေ့၌မျက်နှာရလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီး ငါ့အားမေတ္တာကရုဏာပြ၍ သစ္စာပြုပါ။ အီဂျစ်ပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
ငါသည် ငါ၏ဘိုးဘေးတို့နှင့်အတူအိပ်ပျော်သောအခါ သင်သည် ငါ့ကိုအီဂျစ်ပြည်မှဆောင်သွား၍ ငါ့ဘိုးဘေးတို့၏သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်”ဟု ဆို၏။ ယောသပ်ကလည်း “အဖေ့စကားအတိုင်း အကျွန်ုပ်ပြုပါမည်”ဟု ပြန်ပြောလေ၏။
ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့ကား အာဗနာ၏လူ ဗင်္ယာမိန်အမျိုး အယောက်သုံးရာခြောက်ဆယ်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့၏။
အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီးထံသို့ လာ၍ “အကျွန်ုပ်တို့သည် အရှင်၏အရိုး၊ အရှင်၏အသားများ ဖြစ်ကြပါ၏။
ဒါဝိဒ်မြို့ရှိ သူကိုယ်တိုင်ပြုလုပ်ထားသောသင်္ချိုင်းဂူတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ အလောင်းတော်ကို အမွှေးနံ့သာနှင့် နံ့သာဆီအမျိုးမျိုးဖြင့် ဖော်စပ်ထားသောအမွှေးနံ့သာဆီထည့်ထားသည့် အခေါင်းတလားထဲတွင် ထည့်ထားပြီး သူ့အဖို့ မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပကြ၏။
ယောရှဖတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်မြို့တွင် ဘိုးဘေးတို့နှင့်အတူ သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယဟောရံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
မိမိအလုပ်တွင် ကျွမ်းကျင်သောသူကို သင်မြင်သလော။ ထိုသူသည် ရှင်ဘုရင်တို့ရှေ့မှောက်၌ ခစားရလိမ့်မည်။ သာမန်လူတို့ရှေ့၌ ခစားရလိမ့်မည်မဟုတ်။
ယောရှ၏သား ဂိဒေါင်သည် အိုမင်းရင့်ရော်ပြီး သေဆုံးသောအခါ အဗျေဇာအမျိုးသားတို့ နေထိုင်ရာ ဩဖရမြို့ရှိ သူ့ဖခင်ယောရှ၏သင်္ချိုင်းတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။
ထိုအခါ ရှောလုမင်းကြီးက သူ့အား “အချင်းလူငယ်၊ သင်သည် မည်သူ့သားနည်း”ဟု မေးလျှင် ဒါဝိဒ်က “အကျွန်ုပ်သည် အရှင့်အစေအပါး၊ ဗက်လင်မြို့သား ယေရှဲ၏သားဖြစ်ပါသည်”ဟု လျှောက်၏။