ဇေရုယာ၏သားသုံးယောက်ဖြစ်သော ယွာဘ၊ အဘိရှဲနှင့် အာသဟေလတို့သည်လည်း ထိုတိုက်ပွဲတွင် ပါဝင်၏။ အာသဟေလသည် တောဒရယ်တစ်ကောင်ကဲ့သို့ အပြေးမြန်သူဖြစ်၏။
၂ ရာ 2:19 - မြန်မာ့စံမီသမ္မာကျမ်း အာသဟေလသည် အာဗနာနောက်သို့ လိုက်လေ၏။ သူသည် ဝဲယာမယိမ်းဘဲ အာဗနာနောက်သို့ တစိုက်မတ်မတ်လိုက်လေ၏။ Garrad Bible ဝဲ ယာ မ တိမ်း မ ယိမ်း ဘဲ လိုက် လေ ၏။ Judson Bible အာသဟေလသည် လက်ယာဘက်လက်ဝဲဘက် သို့မလွဲ အာဗနာကိုလိုက်၏။ |
ဇေရုယာ၏သားသုံးယောက်ဖြစ်သော ယွာဘ၊ အဘိရှဲနှင့် အာသဟေလတို့သည်လည်း ထိုတိုက်ပွဲတွင် ပါဝင်၏။ အာသဟေလသည် တောဒရယ်တစ်ကောင်ကဲ့သို့ အပြေးမြန်သူဖြစ်၏။
ထိုအခါ အာဗနာသည် နောက်သို့လှည့်ကြည့်၍ “သင်ကား အာသဟေလ ဟုတ်သလော”ဟု မေးလျှင် သူက “ဟုတ်၏”ဟု ပြန်ဖြေ၏။
ထို့နောက် အာဗနာက “ငါ့ကို မလိုက်တော့နှင့်။ ဝဲဘက်ဖြစ်စေ၊ ယာဘက်ဖြစ်စေ လှည့်၍ လုလင်တစ်ယောက်ယောက်ကိုလိုက်ဖမ်းပြီး သူ့ထံမှလက်နက်ပစ္စည်းများကို သိမ်းယူပါလော့”ဟု ဆိုသော်လည်း အာသဟေလသည် ပြန်မလှည့်ဘဲ ဆက်၍သာလိုက်၏။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ယွာဘနှင့် သူ့ညီအဘိရှဲတို့သည် အာဗနာကိုသတ်လေ၏။ အကြောင်းမူကား ဂိဗောင်တိုက်ပွဲတွင် အာဗနာသည် သူတို့၏ညီ အာသဟေလကို သတ်သောကြောင့်ဖြစ်၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီး လျှောက်ခဲ့သောလမ်းအတိုင်း လက်ယာလက်ဝဲမယိမ်းဘဲ လိုက်လျှောက်၏။
လက်ယာဘက်၊ လက်ဝဲဘက်သို့ မလှည့်နှင့်။ သင်၏ခြေကို မကောင်းမှုမှ ဖယ်ခွာစေလော့။
အားယူ၍ရဲရင့်ခြင်းရှိလော့။ သင်ပြုလေရာရာ၌ အထမြောက်မည့်အကြောင်း သင့်အား ငါ့အစေအပါးမောရှေ မှာထားခဲ့သောပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းလော့။ လက်ဝဲဘက်၊ လက်ယာဘက်သို့ လွှဲမသွားနှင့်။
မောရှေ၏ပညတ္တိကျမ်း၌ ရေးထားသောပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းရန် အားထုတ်လော့။ လက်ဝဲဘက်၊ လက်ယာဘက်သို့ လွှဲမသွားနှင့်။