ဒါဝိဒ်မင်းကြီးသည် သံလွင်တောင်တက်လမ်းအတိုင်း ငိုကြွေးလျက်၊ ဦးခေါင်းကိုလည်းခြုံလျက် ခြေနင်းတော်မပါဘဲ တက်သွား၏။ သူနှင့်ပါလာသောလူအပေါင်းတို့သည်လည်း အသီးသီးဦးခေါင်းကိုခြုံထားလျက်၊ ငိုကြွေးလျက် လိုက်တက်သွားကြ၏။
၂ ရာ 19:5 - မြန်မာ့စံမီသမ္မာကျမ်း ယွာဘသည် ရှင်ဘုရင်ရှိရာနန်းတွင်းသို့ဝင်၍ “ယနေ့ အရှင်မင်းကြီး၏အသက်၊ သားတော်သမီးတော်တို့၏အသက်၊ မိဖုရားမောင်းမတော်တို့၏အသက်ကို ကယ်တင်ပေးခဲ့သောစစ်သည်အပေါင်းတို့ကို အရှင်မင်းကြီး အရှက်ခွဲလေပြီ။ Common Language Bible ယွာဘသည်ဘုရင့်အိမ်တော်သို့သွား၍``ယနေ့ အရှင်သည်အရှင်၏အသက်ကိုလည်းကောင်း၊ အရှင့်သားသမီး၊ မိဖုရားမောင်းမတို့၏ အသက်ကိုလည်းကောင်းကယ်ဆယ်သော အရှင့်လူတို့အားချီးမြှင့်မည့်အစား ရှုတ်ချတော်မူလေပြီ။- Garrad Bible ယွာ ဘ သည် စံ နန်း တော် အ တွင်း ဘု ရင် မင်း ထံ ဝင် ပြီး လျှင် ဘု ရင် မင်း အား မုန်း ထား သူ တို့ ကို မြတ် နိုး လျက် ချစ် ခင် သူ တို့ ကို မုန်း ထား တော် မူ သည် မှာ အ သက် တော် နှင့် တ ကွ မိ ဖု ရား မောင်း မ မိဿံ၊ သား တော် သ မီး တော် တို့၏ အ သက် ကို ကယ် ဆယ် သော ကျေး ကျွန် သင်း ပင်း တို့ မျက် နှာ ကို ယ နေ့ ပျက် စေ တော် မူ ပြီ။ မှူး တော် မတ် တော်၊ ကျေး ကျွန် သင်း ပင်း တို့ အား အ ရေး မ ယူ ကြောင်း၊ ယ နေ့ ထင် ရှား စွာ ပြ တော် မူ ပြီ။ အ ဗ ရှ လုံ အ သက် ရှင် လျက် ကျွန် တော် မျိုး အား လုံး တို့ သေ လျှင် အား ရ တော် မူ မည် ကို ယ နေ့ သိ ရ ပါ၏။ Judson Bible ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင်၍၊ ကိုယ်တော်၏အသက်မှစ၍ သားတော်သမီးတော်၊ မိဖုရားမောင်းမမိဿံတို့၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့ အရှက်ကွဲစေတော်မူပြီ။ |
ဒါဝိဒ်မင်းကြီးသည် သံလွင်တောင်တက်လမ်းအတိုင်း ငိုကြွေးလျက်၊ ဦးခေါင်းကိုလည်းခြုံလျက် ခြေနင်းတော်မပါဘဲ တက်သွား၏။ သူနှင့်ပါလာသောလူအပေါင်းတို့သည်လည်း အသီးသီးဦးခေါင်းကိုခြုံထားလျက်၊ ငိုကြွေးလျက် လိုက်တက်သွားကြ၏။
ထို့နောက် အဗရှလုံ၏အလောင်းကိုဆွဲချပြီး တောထဲရှိတွင်းကြီးတစ်တွင်းထဲသို့ပစ်ချကာ သူ့အပေါ်တွင် ကျောက်ပုံကြီးပုံထားကြ၏။ အစ္စရေးအမျိုးသားအပေါင်းတို့လည်း အသီးသီး မိမိတို့နေရာသို့ ပြန်ပြေးကြလေ၏။
အာမသကိုလည်း ‘သင်သည် ငါ့အရိုးအသား ဖြစ်သည်မဟုတ်လော။ ယွာဘအစား သင့်ကို အမြဲတမ်းစစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီ။ ထိုသို့မပြုလျှင် ဘုရားသခင်သည် ငါ့အား ထိုထက်မကပြုတော်မူပါစေသော’ဟူ၍ ပြောကြားလော့”ဟု မှာလိုက်လေ၏။
ရှင်ဘုရင်သည် မျက်နှာကိုဖုံးထား၍ “ငါ့သား အဗရှလုံ၊ ငါ့သား ငါ့သား အဗရှလုံ”ဟု ကျယ်လောင်စွာအော်ဟစ်ငိုကြွေးလေ၏။
အရှင်မင်းကြီးသည် အရှင့်အား မုန်းသောသူကိုချစ်ပြီး အရှင့်အားချစ်သောသူကို မုန်းလေပြီ။ မှူးမတ်များ၊ မင်းမှုထမ်းများသည် အရှင့်အဖို့ ဘာမျှမဟုတ်ကြောင်းကို ယနေ့ အရှင်မင်းကြီး ထင်ထင်ရှားရှားဖော်ပြလိုက်ပြီ။ အဗရှလုံအသက်ရှင်ကျန်ခဲ့ပြီး ယနေ့ အကျွန်ုပ်တို့အားလုံး သေသွားလျှင်ပင် အရှင်မင်းကြီးအားရဝမ်းသာဖြစ်မည်ကို ယနေ့ အကျွန်ုပ်သိရပါပြီ။
ငါသည် ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခံရသော်လည်း ယနေ့ စိတ်အားလျော့လျက်ရှိ၏။ ဇေရုယာ၏သားဖြစ်သော ဤသူတို့မူကား ငါ့ထက် စိတ်ခက်ထန်ကြ၏။ ထာဝရဘုရားသည် မကောင်းမှုပြုသောသူကို မကောင်းမှုနှင့်အလျောက် ပြန်ပေးဆပ်ပါစေသော”ဟု ဆိုလေ၏။
ထို့ကြောင့် ကိုယ်တော်သည် သူတို့အား ရန်သူတို့လက်သို့အပ်သဖြင့် ရန်သူတို့သည် သူတို့ကိုညှဉ်းပန်းနှိပ်စက်လေ၏။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ကိုယ်တော့်ထံအော်ဟစ်သဖြင့် ကိုယ်တော်သည် ကောင်းကင်မှကြားတော်မူ၏။ ကိုယ်တော်သည် ကရုဏာတော်ကြီးမားသောကြောင့် ကယ်တင်မည့်သူများကို ပြင်ဆင်ပေးတော်မူ၍ သူတို့ကို ရန်သူတို့လက်မှကယ်တင်စေခဲ့၏။
ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ကိုယ်တော်၏ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏လူမျိုးတော်အပေါ် သက်ရောက်ပါစေသော။(စေလာ)