ရှင်ဘုရင်ကလည်း “ခိမဟံကို ငါနှင့်အတူ တစ်ဖက်ကမ်းသို့ခေါ်သွားပါမည်။ သင်အလိုရှိသည်အတိုင်း သူ့ကို ပြုပေးပါမည်။ သင်အလိုရှိသမျှကိုလည်း သင့်အဖို့ ငါပြုပေးပါမည်”ဟု မိန့်ဆို၏။
မင်းကြီးကလည်း``ငါသည်သူ့ကိုခေါ်သွား ပြီးလျှင်သင်အလိုရှိသည့်အတိုင်းသူ့အတွက် ဆောင်ရွက်ပေးမည်။ သင်၏အတွက်သင်တောင်း လျှောက်သည့်အတိုင်းငါပြုမည်'' ဟုပြန်လည် မိန့်ကြားတော်မူ၏။-
ဘု ရင် မင်း က၊ ခိ လ ဟံ သည် ငါ နှင့် အ တူ လိုက် ရ မည်။ သူ့ အား သင့် အ လို အ တိုင်း၊ သင့် အား လည်း တောင်း လျှောက် သ မျှ အ တိုင်း ငါ ပြု မည် ဟု မိန့် ဆို ပြီး နောက်
ရှင်ဘုရင်ကလည်း၊ ခိမဟံသည် ငါနှင့်အတူ လိုက်ရမည်။ သင်အလိုရှိသည်အတိုင်း သူ၌ငါပြုမည်။ သင်တောင်းသမျှကိုလည်း သင့်အဖို့ ငါပြုမည်ဟု မိန့်တော်မူ၏။
ကျွန်တော်မျိုး ပြန်သွားပါရစေ။ အကျွန်ုပ်၏မိဘတို့သင်္ချိုင်းရှိရာ အကျွန်ုပ်၏ဇာတိမြို့တွင်ပင် အကျွန်ုပ် သေပါရစေ။ အရှင့်အစေအပါး ခိမဟံ ရှိပါ၏။ သူ့ကို အကျွန်ုပ်၏သခင် အရှင်မင်းကြီးနှင့်အတူ တစ်ဖက်ကမ်းသို့ ခေါ်သွား၍ အလိုရှိသည့်အတိုင်း သူ့အတွက် ပြုပေးပါ”ဟု လျှောက်တင်လေ၏။
ထို့နောက် လူအားလုံး ဂျော်ဒန်မြစ်ကို ဖြတ်ကူးကြ၏။ ရှင်ဘုရင်သည် ဗာဇိလဲကို နမ်း၍ကောင်းချီးပေးပြီးမှ ကူးသွား၏။ ဗာဇိလဲသည်လည်း မိမိနေရပ်သို့ ပြန်သွားလေ၏။
သို့သော် ဂိလဒ်ပြည်သား ဗာဇိလဲ၏သားတို့ကို မေတ္တာကရုဏာပြ၍ သင်နှင့် တစ်စားပွဲတည်း၌စားရသောသူတို့နှင့်အတူ စားစေလော့။ အကြောင်းမူကား သင့်အစ်ကို အဗရှလုံကြောင့် ငါပြေးခဲ့ရစဉ်က သူတို့သည် ငါ့ကို လာရောက်မေတ္တာပြခဲ့ကြပြီ။
ထို့နောက် သူတို့သည် ဗက်လင်မြို့နားရှိ ဂေရုခိမဟံအရပ်တွင် သွား၍နေထိုင်ကြပြီး ထိုမှတစ်ဆင့် အီဂျစ်ပြည်သို့သွားရန် ကြံရွယ်ကြ၏။