အဗရှလုံက ဟုရှဲအား “သင့်မိတ်ဆွေကို မေတ္တာထားသည်ဆိုသည်မှာ ဤသို့လော။ အဘယ်ကြောင့် သင့်မိတ်ဆွေနှင့်အတူ မလိုက်သနည်း”ဟု မေးလျှင်
၂ ရာ 19:25 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ သူသည် ရှင်ဘုရင်ကို ကြိုဆိုရန် ဂျေရုဆလင်မြို့သို့ရောက်လာသောအခါ ရှင်ဘုရင်က သူ့အား “မေဖိဗောရှက်၊ အဘယ်ကြောင့် သင်သည် ငါနှင့် မလိုက်ခဲ့သနည်း”ဟု မေးလျှင် Common Language Bible မင်းကြီးသည်မေဖိဗောရှက်ယေရုရှလင် မြို့မှရောက်ရှိလာသောအခါ``မေဖိဗောရှက်၊ သင်သည်အဘယ်ကြောင့်ငါနှင့်အတူမ လိုက်ခဲ့ပါသနည်း'' ဟုမေးတော်မူ၏။ Garrad Bible ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ ခ ရီး ဦး ကြို လာ ကြ သော အ ခါ မေ ဗိ ဗော ရှက် အား ဘု ရင် မင်း က အို မေ ဖိ ဗော ရှက်၊ နောက် တော် သို့ အ ဘယ် ကြောင့် မ လိုက် ခဲ့ သ နည်း ဟု မေး လျှင် Judson Bible ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာ ယေရုရှလင်မြို့သို့ ရောက်လာသောအခါ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု မေးတော်မူလျှင်၊ |
အဗရှလုံက ဟုရှဲအား “သင့်မိတ်ဆွေကို မေတ္တာထားသည်ဆိုသည်မှာ ဤသို့လော။ အဘယ်ကြောင့် သင့်မိတ်ဆွေနှင့်အတူ မလိုက်သနည်း”ဟု မေးလျှင်
ရှောလုမင်းကြီး၏သား ယောနသန်၌ ခြေမသန်သောသားတစ်ဦးရှိ၏။ ယေဇရေလမြို့မှ ရှောလုမင်းကြီးနှင့်ယောနသန်၏သတင်းရောက်လာချိန်၌ ထိုသားသည် အသက်ငါးနှစ်သာရှိသေး၏။ ထိုသတင်းကြောင့် သူ့အထိန်းတော်သည် သူ့ကိုပွေ့ချီလျက် အလန့်တကြားထွက်ပြေးရာမှ ထိုကလေးပြုတ်ကျပြီး ခြေမသန်ဖြစ်ရခြင်းဖြစ်၏။ ထိုကလေး၏အမည်မှာ မေဖိဗောရှက်ဖြစ်၏။
ရှောလုမင်းကြီး၏မြေး၊ ယောနသန်၏သားမေဖိဗောရှက်သည် ဒါဝိဒ်မင်းကြီးထံရောက်လာသောအခါ ရှေ့တော်တွင် ပျပ်ဝပ်ရှိခိုး၏။ ဒါဝိဒ်မင်းကြီးက “သင်ကား မေဖိဗောရှက်လော”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အရှင့်အစေအပါး မှန်ပါ၏”ဟု ပြန်လျှောက်၏။