ထိုအခါ ရှင်ဘုရင်က သူ့အား “ဘေးမှာ ရပ်နေလော့”ဟု ဆိုသဖြင့် သူသည် ဘေး၌ရပ်နေ၏။
မင်းကြီးက``ထိုနေရာသို့ရွှေ့၍ရပ်လော့'' ဟု ဆိုလျှင်အဟိမတ်သည်ရွှေ့၍ရပ်နေ၏။
ရွှေ့၍ ရပ် နေ ဦး လော့ ဟု ဘု ရင် မင်း မိန့် ဆို သည့် အ တိုင်း ရွှေ့ ရပ် လေ၏။
ရှင်ဘုရင်က၊ ဤအနားမှာ ရွှေ့၍နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့၍နေလေ၏။
ရှင်ဘုရင်ကလည်း “သားတော်အဗရှလုံ ဘေးကင်းပါ၏လော”ဟု မေးလျှင် အဟိမတ်က “အရှင်မင်းကြီး၏အမှုထမ်းကျွန်တော်မျိုးကို ယွာဘစေလွှတ်စဉ်က အကြီးအကျယ်ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို မြင်သော်လည်း မည်သို့ဖြစ်ပျက်နေသည်ကို အကျွန်ုပ် မသိပါ”ဟု လျှောက်တင်လေ၏။
ထို့နောက် ကုရှိအမျိုးသားသည်ရောက်လာပြီး “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သတင်းကောင်းကို လျှောက်တင်ပါရစေ။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးအား ဆန့်ကျင်တိုက်ခိုက်နေသောသူအပေါင်းတို့ကို ရှုံးစေတော်မူပြီ”ဟု လျှောက်တင်လေ၏။