ယွာဘက သူ့အား “ယနေ့ သင်သွား၍သတင်းမလျှောက်တင်ရ။ နောက်တစ်နေ့မှ လျှောက်တင်ရမည်။ ဤနေ့သည် ရှင်ဘုရင့်သားတော် သေဆုံးသောနေ့ ဖြစ်သောကြောင့် သင်သွား၍သတင်းမလျှောက်တင်ရ”ဟု ဆို၏။
၂ ရာ 18:21 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယွာဘသည် ကုရှိအမျိုးသားတစ်ဦးအား “သင်မြင်ခဲ့သမျှကို ရှင်ဘုရင်ထံ သွားလျှောက်တင်လော့”ဟု ဆိုလျှင် ထိုကုရှိအမျိုးသားသည် ယွာဘကို ဦးညွှတ်၍ ပြေးထွက်သွားလေ၏။ Common Language Bible ထိုနောက်ယွာဘသည်မိမိ၏ကျွန်ကုရှိ အမျိုးသားအား``သင်တွေ့မြင်ရသည့်အမှု ကိုမင်းကြီးထံသွား၍သံတော်ဦးတင် လော့'' ဟုဆိုသဖြင့်သူသည်ယွာဘအား ဦးညွှတ်ပြီးလျှင်ပြေး၍သွားလေသည်။ Garrad Bible ကု ရှ လူ မျိုး တစ် ယောက် အား၊ ဘု ရင် မင်း ထံ သွား၍ သိ မြင် သ မျှ ကို လျှောက် ကြား လော့ ဟု မိန့် ဆို သည့် အ တိုင်း ကု ရှ လူ မျိုး သည် ယွာ ဘ အား ဦး ညွှတ် လျက် အ သော့ သွား လေ ၏။ Judson Bible ကုရှိအား သင်မြင်သမျှကိုသွား၍ ရှင်ဘုရင်အား ကြားလျှောက်လော့ဟု ဆိုသည်အတိုင်း၊ ကုရှိသည် ယွာဘအားဦးညွှတ်၍ ပြေးလေ၏။ |
ယွာဘက သူ့အား “ယနေ့ သင်သွား၍သတင်းမလျှောက်တင်ရ။ နောက်တစ်နေ့မှ လျှောက်တင်ရမည်။ ဤနေ့သည် ရှင်ဘုရင့်သားတော် သေဆုံးသောနေ့ ဖြစ်သောကြောင့် သင်သွား၍သတင်းမလျှောက်တင်ရ”ဟု ဆို၏။
ဇာဒုတ်၏သား အဟိမတ်က ထပ်၍ယွာဘအား “မည်သို့ပင်ဖြစ်စေ၊ ယခု ထိုကုရှိအမျိုးသားနောက်သို့ အကျွန်ုပ် ပြေးလိုက်ပါရစေ”ဟု ဆိုလျှင် ယွာဘက သူ့အား “ငါ့သား၊ အဘယ်ကြောင့် သင်ပြေးလိုက်လိုသနည်း။ ဤသတင်းသည် ဆုရရှိစေမည့်သတင်းမဟုတ်”ဟု သူ့အား ဆို၏။
သို့သော် သူက “မည်သို့ပင် ဖြစ်ပါစေ။ အကျွန်ုပ် ပြေးလိုက်ပါရစေ”ဟုသာ ဆိုသဖြင့် ယွာဘက “ပြေးလိုက်လော့”ဟု ဆိုသည်နှင့် အဟိမတ်သည် လွင်ပြင်လမ်းမှ ပြေးသွားရာ ကုရှိအမျိုးသားကို ကျော်သွား၏။
ထို့နောက် ကုရှိအမျိုးသားသည်ရောက်လာပြီး “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သတင်းကောင်းကို လျှောက်တင်ပါရစေ။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးအား ဆန့်ကျင်တိုက်ခိုက်နေသောသူအပေါင်းတို့ကို ရှုံးစေတော်မူပြီ”ဟု လျှောက်တင်လေ၏။