အဗရှလုံအပါအဝင် အစ္စရေးသက်ကြီးဝါကြီးအားလုံးတို့သည် ထိုအကြံကို နှစ်သက်သဘောကျကြ၏။
၂ ရာ 17:3 - မြန်မာ့စံမီသမ္မာကျမ်း လူအားလုံးကိုလည်း အရှင့်ထံ ပြန်ခေါ်လာပါမည်။ အရှင်အလိုရှိသောသူကိုရလျှင် ကျန်လူအပေါင်းတို့ကိုလည်း ပြန်ရသကဲ့သို့ ဖြစ်ပါလိမ့်မည်။ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်းချမ်းစွာနေရပါလိမ့်မည်”ဟု အကြံပေး၏။ Common Language Bible မင်္ဂလာဆောင်သတို့သမီးသည်မိမိ၏ ခင်ပွန်းထံသို့ပြန်လာသကဲ့သို့ သူ၏လူ အပေါင်းကိုအရှင့်ထံသို့ပြန်လာစေပါ မည်။ အရှင်သေစေလိုသူမှာတစ်ယောက် တည်းဖြစ်ပါ၏။ အခြားလူအပေါင်းတို့ သည်ဘေးဥပဒ်ရောက်ရကြလိမ့်မည် မဟုတ်ပါ'' ဟုအဗရှလုံအားလျှောက် ထား၏။- Garrad Bible တစ် မျိုး လုံး ကို ကိုယ် တော့် ထံ ဆောင် ခဲ့ ပါ မည်။ အ လို ရှိ သူ တစ် ဦး တည်း ကို ရ က၊ လူ အ ပေါင်း တို့ ပြန် လာ၍ တစ် မျိုး လုံး ငြိမ် ဝပ် စွာ နေ ကြ ပါ လိမ့် မည် ဟု Judson Bible လူအပေါင်းတို့ကို ကိုယ်တော်ထံသို့ဆောင်ခဲ့ပါမည်။ ကိုယ်တော်ရှာသောသူ တစ်ယောက်တည်းကိုရလျှင်၊ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်ဝပ်ကြပါလိမ့်မည်ဟု လျှောက်လျှင်၊ |
အဗရှလုံအပါအဝင် အစ္စရေးသက်ကြီးဝါကြီးအားလုံးတို့သည် ထိုအကြံကို နှစ်သက်သဘောကျကြ၏။
အာဗနာက ဒါဝိဒ်မင်းကြီးအား “အစ္စရေးတစ်မျိုးနွယ်လုံးအရှင်မင်းကြီးထံရောက်လာ၍ အရှင့်ထံ၌ ကတိသစ္စာခံကြမည့်အကြောင်း၊ အရှင်မင်းကြီးစိတ်ရှိသည့်အတိုင်း သူတို့ကို အုပ်စိုးနိုင်မည့်အကြောင်း အကျွန်ုပ်ထသွား၍ သူတို့ကို စုရုံးပါမည်”ဟု ဆိုလျှင် ဒါဝိဒ်မင်းကြီးပြန်ခွင့်ပြုသဖြင့် အာဗနာလည်း အေးချမ်းစွာပြန်သွားလေ၏။
ငြိမ်းချမ်းမှုမရှိသော်လည်း ‘ငြိမ်းချမ်းသည်၊ ငြိမ်းချမ်းသည်’ဟု ဆိုလျက် ငါ့လူမျိုးတော်၏ဒဏ်ရာကို ပေါ့ပေါ့တန်တန်ကုသပေးကြ၏။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။