အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
၂ ရာ 16:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အဗရှလုံအတွက် ခေါင်မိုးပြင်တွင် တဲဆောင်ထိုးကြပြီး အဗရှလုံသည် အစ္စရေးတစ်မျိုးလုံး၏မျက်စိရှေ့တွင်ပင် ခမည်းတော်ချန်ထားသောမောင်းမတို့ထံ ဝင်လေ၏။ Common Language Bible သို့ဖြစ်၍အဗရှလုံသည်နန်းတော်အမိုး ထက်တွင်အမိုးမိုးစေပြီးနောက် လူအပေါင်း တို့၏မျက်မှောက်၌ခမည်းတော်၏မောင်းမ များနှင့်ကိုယ်လက်နှီးနှောမှုကိုပြု၏။ Garrad Bible နန်း တော် အ မိုး ပြင် တွင် အ ဗ ရှ လုံ အ ဖို့ ပိ တာန် ကြက် စေ၍ ဣ သ ရေ လ တစ် မျိုး လုံး မျက် မှောက် တွင် ခ မည်း တော်၏ မောင်း မ ကိုယ် လုပ် တို့ ထံ အ ဗ ရှ လုံ ဝင် လေ ၏။ Judson Bible နန်းတော်ပေါ်မှာ အဗရှလုံအဖို့မျက်နှာကြက်ကိုမိုး၍၊ သူသည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ခမည်းတော်၏ ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်လေ၏။ |
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
တစ်ညနေတွင် ဒါဝိဒ်မင်းကြီးသည် အိပ်ရာမှထလာပြီး ဘုရင့်နန်းတော်ခေါင်မိုးပြင်သို့တက်၍ စင်္ကြံလျှောက်နေစဉ် အလွန်အဆင်းလှသောမိန်းမတစ်ဦး ရေချိုးနေသည်ကို ထိုခေါင်မိုးပြင်မှ လှမ်းမြင်ရ၏။
ရှင်ဘုရင်သည် နန်းတော်ကို စောင့်ရှောက်ရန် မောင်းမဆယ်ယောက်ကို ချန်ထားပြီး ရှင်ဘုရင်နှင့်တကွ အခြွေအရံနန်းတွင်းသူနန်းတွင်းသားအားလုံး နန်းတော်မှထွက်ခွာလာကြ၏။
ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်ရှိရာဂျေရုဆလင်မြို့သို့ ပြန်ရောက်လျှင် နန်းတော်ကို စောင့်ရှောက်ရန်ထားခဲ့သော မောင်းမဆယ်ဦးကိုခေါ်၍ အကျယ်ချုပ်ချထားလိုက်လေ၏။ ရှင်ဘုရင်သည် သူတို့ကို အစာရေစာထောက်ပံ့ပေးသော်လည်း သူတို့ထံ မဝင်တော့ချေ။ သူတို့သည် သေသည့်နေ့တိုင်အောင် မုဆိုးမဘဝနှင့် အကျယ်ချုပ်ခံရကြ၏။
သူတို့၏မျက်နှာထားသည် သူတို့ကို သက်သေခံနေ၏။ သူတို့သည် မိမိတို့အပြစ်ကိုထိမ်ဝှက်မထားဘဲ သောဒုံမြို့ကဲ့သို့ ပြောကြားကြ၏။ မကောင်းမှုကို ကိုယ့်အပေါ်ကိုယ် ကျရောက်စေကြသောကြောင့် သူတို့၏စိတ်ဝိညာဉ်သည် အမင်္ဂလာရှိ၏။
ထို့ကြောင့် မိုးခေါင်၍ နွေဦးမိုးလည်း မရွာတော့ပေ။ ထိုသို့ဖြစ်သော်လည်း သင်သည် ပြည့်တန်ဆာကဲ့သို့ ခေါင်းမာ၍အရှက်အကြောက်မရှိ။
သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုမြို့တွင် လူအသက်သတ်သောသွေး စွန်းလျက်ရှိ၏။ ထိုသွေးသည် မြေပေါ်တွင်ကျသည်မဟုတ်။ ရှင်းလင်းနေသောကျောက်ပေါ်တွင် ကျ၏။ မြေမှုန့်နှင့် ဖုံး၍မရ။
ထိုအခါ မောရှေရှေ့မှောက်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ငိုကြွေးနေကြသော အစ္စရေးအမျိုးသားလူထုအပေါင်းတို့ရှေ့မှောက်မှာပင် အစ္စရေးအမျိုးသားတစ်ဦးသည် မိမိအမျိုးသားချင်းတို့ထံ မိဒျန်အမျိုးသမီးတစ်ယောက်ကို ခေါ်ဆောင်လာ၏။
ထိုသူတို့၏နိဂုံးသည် ပျက်စီးခြင်းဖြစ်၏။ သူတို့၏ဘုရားသည် သူတို့၏ဝမ်းဗိုက်ဖြစ်၍ သူတို့သည် မိမိတို့၏ရှက်ဖွယ်ရာ၌ ဂုဏ်ယူဝါကြွားကြ၏။ သူတို့စွဲလမ်းသောအရာသည် လောကနှင့်ဆိုင်သောအရာများပင်ဖြစ်ကြ၏။