ထိုအခါ ဒါဝိဒ်မင်းကြီးက အိတ္တဲအား “သို့ဖြစ်လျှင်လည်း သွား၍ဖြတ်ကူးလော့”ဟု မိန့်ဆိုလျှင် ဂိတ္တိလူမျိုး အိတ္တဲမှစ၍ သူနှင့်အတူပါလာသော လူအကြီးအငယ်အားလုံးလည်း ဖြတ်ကူးလေ၏။
၂ ရာ 15:23 - မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့ ဖြတ်ကူးသွားကြသောအခါ ပြည်သူပြည်သားအပေါင်းတို့သည် အော်ဟစ်ငိုကြွေးကြ၏။ ရှင်ဘုရင်သည် ကေဒြုန်ချောင်းကို ဖြတ်ကူးသဖြင့် လူအပေါင်းတို့သည်လည်း ဖြတ်ကူး၍ ကန္တာရလမ်းအတိုင်း သွားကြ၏။ Common Language Bible ဒါဝိဒ်၏နောက်သို့လိုက်သူများထွက်ခွာသွား ကြသောအခါ ပြည်သူပြည်သားတို့သည်အော် ဟစ်ငိုကြွေးကြကုန်၏။ မင်းကြီးနှင့်နောက်လိုက် အပေါင်းတို့သည်ကေဒြုန်ချောင်းကိုကူး၍ တောကန္တာရသို့ရှေ့ရှုသွားကြလေသည်။ Garrad Bible ထို နောက် ဘု ရင် မင်း သည် တပ် တော် သား အ ပေါင်း တို့ နှင့် တ ကွ တော သို့ မျက် နှာ မူ လျက် ကေ ဒြုန် ချောင်း ကို ကူး ကြ ရာ ပြည် သူ ပြည် သား တို့ အော် ဟစ် ငို ကြွေး ကြ ကုန် ၏။ Judson Bible ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည် ချီသွား၍၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန်ချောင်းကိုကူးလျှင်၊ လူအပေါင်းတို့သည်ကူး၍ တောလမ်းသို့ လိုက်သွားကြ၏။ |
ထိုအခါ ဒါဝိဒ်မင်းကြီးက အိတ္တဲအား “သို့ဖြစ်လျှင်လည်း သွား၍ဖြတ်ကူးလော့”ဟု မိန့်ဆိုလျှင် ဂိတ္တိလူမျိုး အိတ္တဲမှစ၍ သူနှင့်အတူပါလာသော လူအကြီးအငယ်အားလုံးလည်း ဖြတ်ကူးလေ၏။
သင်တို့ထံမှ သတင်းမရမချင်း ငါသည် တောကန္တာရလွင်ပြင်တွင် စောင့်နေမည်”ဟု မိန့်ဆိုလျှင်
ရှင်ဘုရင်က ဇိဘအား “ဤအရာများကား အဘယ်အတွက်နည်း”ဟု မေးတော်မူလျှင် ဇိဘက “မြည်းများကား အရှင်မင်းကြီးနှင့် အိမ်သူအိမ်သားတို့ စီးဖို့၊ မုန့်နှင့် နွေရာသီသီးနှံများကား ငယ်သားတို့စားဖို့၊ စပျစ်ဝိုင်ကား ကန္တာရတွင် မောပန်းသူတို့ သောက်ဖို့ ဖြစ်ပါ၏”ဟု လျှောက်တင်၏။
အာရှရနတ်ဘုရားမရုပ်တုကို ပြုလုပ်ကိုးကွယ်သော အဘွားတော်မာခါကိုလည်း မယ်တော်မိဖုရားအရာမှနုတ်ပယ်ပစ်ပြီး ထိုရုပ်တုကိုခုတ်လှဲကာ ကေဒြုန်ချိုင့်ဝှမ်းတွင် မီးရှို့ပစ်လေ၏။
သင်သည် မြို့ပြင်ထွက်၍ ကေဒြုန်ချောင်းကို ဖြတ်သည့်နေ့တွင်ပင် မုချသေရမည်ဟု မှတ်လော့။ သင့်အပြစ်သည် သင့်ခေါင်းပေါ်သို့ ပြန်ရောက်ခြင်းသာဖြစ်၏”ဟု မိန့်ဆို၏။
ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏အိမ်တော်အတွင်းခန်းထဲသို့ ဝင်သွားပြီး သန့်ရှင်းအောင်ပြု၏။ ထာဝရဘုရား၏အိမ်တော်အတွင်းရှိ သူတို့တွေ့သမျှ မသန့်ရှင်းသောအရာတို့ကို ထာဝရဘုရား၏အိမ်တော်ဝင်းသို့ထုတ်သွားကြ၏။ လေဝိအမျိုးသားတို့သည် ၎င်းတို့ကို မြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ထုတ်သွားကြ၏။
အလောင်းကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့်ဝှမ်းတစ်ခုလုံး၊ ကေဒြုန်ချောင်းမှ အရှေ့ဘက်မြင်းတံခါးထောင့်အထိ ကွင်းပြင်တစ်ခုလုံးသည် ထာဝရဘုရားအတွက် သန့်ရှင်းသောနေရာဖြစ်လာမည်။ ဘယ်သောအခါမျှ ဖြိုဖျက်မှောက်လှန်ခြင်းခံရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ပရောဖက်ဟေရှာယက “တောကန္တာရ၌ ဟစ်ကြော်သောအသံမှာ ထာဝရဘုရား၏လမ်းတော်ကို ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကြောင်းများကို ဖြောင့်တန်းစေကြလော့”ဟု ဆိုထားသည်မှာ ဤသူ၏အကြောင်းပင်ဖြစ်၏။
သူငယ်သည်လည်းကြီးထွား၍ စိတ်ဝိညာဉ်ကြံ့ခိုင်လာကာ အစ္စရေးလူမျိုးရှေ့၌ ထင်ရှားသည့်နေ့ရက်တိုင်အောင် တောကန္တာရ၌နေလေ၏။
ယေရှုသည် ထိုသို့မြွက်ဆိုတော်မူပြီးနောက် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ ထွက်သွားတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ထိုဥယျာဉ်ထဲသို့ဝင်တော်မူ၏။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။