ရှင်ဘုရင်၏အမှုထမ်းတို့ကလည်း ရှင်ဘုရင်အား “ကျွန်ုပ်တို့၏သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်တော်မူသည့်အတိုင်း ကျွန်တော်မျိုးတို့ ပြုပါမည်”ဟု ပြန်လျှောက်ကြပြီးလျှင်
ထိုသူတို့က``မှန်လှပါအရှင်မင်းကြီး၊ အကျွန်ုပ်တို့သည်အရှင့်အမိန့်တော်အတိုင်း ဆောင်ရွက်ရန်အသင့်ရှိပါ၏'' ဟုလျှောက် ထားကြ၏။-
ကျေး ကျွန် သင်း ပင်း တို့ က အ ရှင် မင်း မြတ် သ ဘော တော် ရှိ တိုင်း ကျွန် တော် မျိုး တို့ လိုက် ပါ မည် ဟု တင် လျှောက် ကြ လျှင်
ရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည်ဟုလျှောက်ကြလျှင်၊
ဒါဝိဒ်မင်းကြီးကလည်း ဂျေရုဆလင်မြို့ရှိ မိမိထံခစားသောမင်းမှုထမ်းအပေါင်းတို့အား “ထကြ။ ယခု ငါတို့ ထွက်ပြေးကြရမည်။ မဟုတ်လျှင် အဗရှလုံလက်မှ လွတ်မည်မဟုတ်။ ငါတို့ အလျင်အမြန်ထွက်သွားရမည်။ မဟုတ်လျှင် သူသည် ငါတို့ကိုလိုက်မီ၍ အန္တရာယ်ပြုလိမ့်မည်။ မြို့သားတို့ကိုလည်း ဓားနှင့်သတ်လိမ့်မည်”ဟု မိန့်ဆို၏။
ရှင်ဘုရင်သည် နန်းတော်ကို စောင့်ရှောက်ရန် မောင်းမဆယ်ယောက်ကို ချန်ထားပြီး ရှင်ဘုရင်နှင့်တကွ အခြွေအရံနန်းတွင်းသူနန်းတွင်းသားအားလုံး နန်းတော်မှထွက်ခွာလာကြ၏။
ဇိဘက “အရှင့်အစေအပါးအား အရှင်မင်းကြီးမိန့်တော်မူသမျှအတိုင်း အရှင့်အစေအပါးပြုပါမည်”ဟု ရှင်ဘုရင်အား ပြန်လျှောက်၏။ မေဖိဗောရှက်သည် ဘုရင့်သားတော်တစ်ပါးကဲ့သို့ ဒါဝိဒ်မင်းကြီး၏စားပွဲတွင် စားသောက်ရ၏။
အပေါင်းအသင်းများသောသူသည် ပျက်စီးတတ်၏။ သို့ရာတွင် ညီအစ်ကိုထက် ပို၍ခင်တွယ်တတ်သောမိတ်ဆွေလည်း ရှိ၏။
သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
လက်နက်ကိုင်လုလင်ကလည်း “အရှင့်စိတ်တိုင်းကျ ပြုပါ။ အရှင်သွားလိုရာသို့ သွားပါ။ အရှင့်အလိုအတိုင်း အကျွန်ုပ်ပြုပါမည်”ဟု ပြန်ပြောလေ၏။