တစ်နေ့တွင် အဗရှလုံသည် ယွာဘကို ရှင်ဘုရင်ထံစေလွှတ်လို၍ အခေါ်လွှတ်သော်လည်း ယွာဘမလာ။ ဒုတိယအကြိမ်အခေါ်လွှတ်ပြန်သော်လည်း မလာ။
၂ ရာ 14:30 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အဗရှလုံက မိမိ၏အစေအပါးတို့အား “ကြည့်ပါ။ ယွာဘ၏လယ်ကွက်သည် ငါ့လယ်ကွက်နှင့်ကပ်လျက်ရှိ၏။ မုယောစပါးများလည်း စိုက်ထား၏။ သွား၍ထိုလယ်ကွက်ကို မီးရှို့ပစ်ကြပါ”ဟု ဆိုသဖြင့် အဗရှလုံ၏အစေအပါးတို့သည် သွား၍ထိုလယ်ကွက်ကို မီးရှို့ပစ်ကြ၏။ Common Language Bible ထို့ကြောင့်အဗရှလုံသည်မိမိ၏အစေခံ တို့အား``ကြည့်လော့၊ ယွာဘ၏လယ်သည်ငါ့ လယ်နှင့်ကပ်လျက်နေ၏။ ထိုလယ်တွင်မုယော စပါးခင်းများရှိ၏။ ယင်းတို့ကိုမီးရှို့ပစ် လော့'' ဟုဆိုလျှင်အစေခံတို့သည်ထို လယ်ကိုသွား၍မီးရှို့ကြ၏။ Garrad Bible အိမ် တော် သား တို့ အား ကြည့် လော့။ ငါ့ အ ခင်း နှင့် နီး စပ် သော ယွာ ဘ၏ မု ယော ခင်း ကို သွား ရောက် မီး တိုက် လော့ ဟု အ မိန့် ပေး သည့် အ တိုင်း အိမ် တော် သား တို့ မီး တိုက် ကြ ရာ Judson Bible ဒုတိယအကြိမ်ခေါ်သော်လည်းမလာ။ ထိုကြောင့် ကျွန်တို့အား၊ ယွာဘ၏လယ်သည် ငါတို့နေရာ နှင့်နီးပြီ။ မုယောစပါးရှိ၏။ သွား၍မီးရှို့ကြဟု စီရင်သည်အတိုင်း အဗရှလုံ၏ကျွန်တို့သည်မီးရှို့ကြ၏။ |
တစ်နေ့တွင် အဗရှလုံသည် ယွာဘကို ရှင်ဘုရင်ထံစေလွှတ်လို၍ အခေါ်လွှတ်သော်လည်း ယွာဘမလာ။ ဒုတိယအကြိမ်အခေါ်လွှတ်ပြန်သော်လည်း မလာ။
ထိုအခါ ယွာဘသည်ထ၍ အဗရှလုံအိမ်သို့ လာပြီး “အရှင့်အစေအပါးတို့သည် အဘယ်ကြောင့် အကျွန်ုပ်လယ်ကွက်ကို မီးရှို့ကြသနည်း”ဟု မေးလျှင်
ထိုအခါ ယွာဘက “သင်နှင့် ယခုလို အချိန်ဖြုန်းမနေနိုင်ပါ”ဟု ဆိုလျက် လှံသုံးစင်းကိုယူ၍ သပိတ်ပင်၌တွဲလွဲကျလျက် အသက်ရှင်နေသေးသော အဗရှလုံထံသွား၍ သူ့နှလုံးထဲသို့ ထုတ်ချင်းပေါက်အောင် ထိုးလေ၏။
ယေဟုက သူတို့အား “သူ့ကို တွန်းချပစ်လိုက်”ဟု ဆို၏။ သူတို့ကလည်း ယေဇဗေလကို တွန်းချလိုက်ရာ သူ့သွေးတို့သည် နံရံများ၊ မြင်းများပေါ်သို့ စဉ်သွားလေ၏။ ယေဟုလည်း သူ့ကိုတက်နင်းသွားလေ၏။
ရှံဆုန်က “ယခုတစ်ကြိမ် ဖိလိတ္တိလူမျိုးတို့ကို ငါဒုက္ခပေးမည်ဆိုလျှင်လည်း ငါ့အပြစ်မဟုတ်”ဟု ဆို၏။