ထိုအခါ ရှင်ဘုရင်က ယွာဘအား “ဤအမှုကိုငါပြုမည်။ ယခု သွား၍ သားတော်အဗရှလုံကို ခေါ်လာပါလော့”ဟု မိန့်တော်မူလျှင်
ထိုနောက်မင်းကြီးသည်ယွာဘအား``သင်အလို ရှိသည့်အတိုင်းပြုရန်ငါဆုံးဖြတ်ပြီးပြီ။ ထို သူငယ်အဗရှလုံကိုသွား၍ခေါ်လော့'' ဟု မိန့်တော်မူ၏။
ထို အ ခါ ဘု ရင် မင်း က၊ တောင်း လျှောက် သည့် အ တိုင်း ငါ ခွင့် ပြု ပြီ။ သား တော် အ ဗ ရှ လုံ ကို သွား ၍ ခေါ် လော့ ဟု ယွာ ဘ အား မိန့် ဆို ရာ
ထိုအခါရှင် ဘုရင်က၊ ဤအမှုကို ငါစီရင်ရ၏။ သင်သွား၍ ထိုလုလင်အဗရှလုံကို တစ်ဖန်ခေါ်ရမည်ဟု ယွာဘအားမိန့်တော်မူ၏။
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။
ယွာဘက မြေပေါ်မှာပျပ်ဝပ်လျက် ဦးညွှတ်ကာ ရှင်ဘုရင်အား ကောင်းချီးသြဘာပေးလျက် “အကျွန်ုပ်၏သခင် အရှင်မင်းကြီးသည် အရှင့်အစေအပါးအား မျက်နှာသာပေးကြောင်းကို ယနေ့ အကျွန်ုပ်သိရပါပြီ။ အရှင်မင်းကြီးသည် အရှင့်အစေအပါးတောင်းဆိုသည့်အတိုင်း ပြုစေပါပြီ”ဟု ပြန်လျှောက်၏။
မင်းကြီးသည် အလွန်စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ စားပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ သူ့ကို မငြင်းဆန်လိုသဖြင့်
အစ္စရေးလူမျိုး၏ကယ်တင်ရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ငါ့သားယောနသန်ပင် ဖြစ်စေကာမူ မုချအသတ်ခံရမည်”ဟု ဆို၏။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို ပြန်၍မလျှောက်တင်ကြ။