ရှင်ဘုရင်သည် ငါ့စကားကိုနားထောင်ပြီး သူ၏ကျွန်မဖြစ်သောငါနှင့် ငါ့သားကို ဘုရားသခင်၏အမွေတော်အဖြစ်မှ ဖျက်ဆီးမည့်သူ၏လက်မှ ကယ်နုတ်ကောင်းကယ်နုတ်လိမ့်မည်’ဟု တွေးမိ၍ လျှောက်တင်ရခြင်းဖြစ်ပါ၏။
မင်းကြီးသည်ကျွန်တော်မ၏သားကိုသတ် ၍မိမိလူမျိုးတော်အား ဘုရားသခင်ပေး တော်မူသည့်ပြည်မှပယ်ရှားရန်ကြိုးစား သူတို့၏လက်မှကျွန်တော်မကိုကယ်တော် မူမည်ဖြစ်ကြောင်းကျွန်တော်မသည်တွေး တောမိပါ၏။-
ဘု ရင် မင်း မြတ် လည်း၊ ကျွန် တော် မျိုး မ နှင့် သား ပါ ဘု ရား သ ခင် ပိုင် တော် မူ ရာ ပြည် က ပယ် ရှား လို သူ ၏ လက် တွင်း မှ ကယ် မ သ နား တော် မူ လိမ့် မည် ဟု ကိုး စား ပါ ၏။
ငါနှင့် ငါ့သားကို ဘုရားသခင်၏အမွေတော်မြေပေါ်က သုတ်သင်ပယ်ရှင်းသော သူ၏လက်မှ ငါ့ကိုနုတ်အံ့သောငှာ နားထောင်တော်မူလိမ့်မည်ဟု ဆိုပါ၏။
လူတို့သည် အကျွန်ုပ်ကိုခြိမ်းခြောက်ကြသောကြောင့် ယခုအကျွန်ုပ်သည် အကျွန်ုပ်၏သခင်အရှင်မင်းကြီးထံလာ၍ ဤအမှုကို လျှောက်တင်ရခြင်းဖြစ်ပါ၏။ အရှင့်ကျွန်မက ‘ရှင်ဘုရင်ကို ငါလျှောက်တင်လျှင် ရှင်ဘုရင်သည် သူ့ကျွန်မ၏တောင်းဆိုချက်ကို ပြုကောင်းပြုပေးပါလိမ့်မည်။
အကျွန်ုပ်သည် ငြိမ်းချမ်းစွာနေလိုသော၊ သစ္စာရှိသောအစ္စရေးလူမျိုးတစ်ဦး ဖြစ်ပါ၏။ အရှင်သည် အစ္စရေးလူမျိုးတို့၏မိခင်မြို့ကို အဘယ်ကြောင့်ဖျက်ဆီးရန်ကြိုးစားနေသနည်း။ အဘယ်ကြောင့် ထာဝရဘုရား၏အမွေတော်ကို ဝါးမျိုလိုသနည်း”ဟု ဆို၏။
အကြောင်းမူကား သူသည် အကူအညီအော်ဟစ်တောင်းခံသည့် နွမ်းပါးသောသူကိုလည်းကောင်း၊ ကူညီမစမည့်သူမရှိသည့် အဖိနှိပ်ခံရသောသူကိုလည်းကောင်း ကယ်နုတ်တော်မူလိမ့်မည်။
ရှင်ဘုရင်၏နှုတ်ခမ်းတွင် နိမိတ်စကားရှိ၏။ တရားစီရင်ရာ၌ သူ၏နှုတ်သည် မှားယွင်းမည်မဟုတ်။
ထာဝရဘုရား၏ဝေစုကား မိမိလူမျိုးတော်ဖြစ်၏။ ကိုယ်တော်၏အမွေဝေစုကား ယာကုပ်ဖြစ်၏။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။