ထိုအခါ သူ၏အမှုထမ်းတို့က သူ့အား “မင်းကြီးသည် သူငယ်အသက်ရှင်သေးစဉ်က အစာရှောင်လျက်၊ ငိုကြွေးလျက်နေ၏။ သူငယ်ဆုံးသွားသောအခါမူကား ထ၍စားသောက်၏။ မင်းကြီး ဤသို့ ပြုသည်မှာ အဘယ်အကြောင်းကြောင့်နည်း”ဟု မေးလျှောက်ကြ၏။
၂ ရာ 13:36 - မြန်မာ့စံမီသမ္မာကျမ်း ယောနဒပ်၏စကားဆုံးသည်နှင့် ရှင်ဘုရင်၏သားတော်တို့သည် ရောက်လာ၍ အော်ဟစ်ငိုကြွေးကြလေ၏။ ရှင်ဘုရင်နှင့်တကွ မင်းမှုထမ်းအပေါင်းတို့သည်လည်း ပြင်းစွာငိုကြွေးကြလေ၏။ Common Language Bible သူ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက်ဒါဝိဒ် ၏သားတော်တို့သည်ရောက်ရှိလာကြ၏။ သူ တို့သည်စတင်ငိုကြွေးကြသဖြင့်ဒါဝိဒ် နှင့်မှူးမတ်တို့သည်လည်းပြင်းစွာငိုကြွေး ကြ၏။ Garrad Bible တင် လျှောက် ဆဲ တွင် မင်း သား တို့ ရောက် လာ၍ အော် ဟစ် ငို ကြွေး ကြ၏။ ဘု ရင် မင်း နှင့် မှူး မတ် အ ပေါင်း တို့ လည်း သည်း စွာ ငို ကြွေး ကြ ကုန် ၏။ Judson Bible ရှင်ဘုရင်၏သားတော်တို့သည်ရောက်လာ၍ အသံကိုလွှင့်လျက် ငိုကြွေးကြ၏။ ရှင်ဘုရင်နှင့် ကျွန်တော်အပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ |
ထိုအခါ သူ၏အမှုထမ်းတို့က သူ့အား “မင်းကြီးသည် သူငယ်အသက်ရှင်သေးစဉ်က အစာရှောင်လျက်၊ ငိုကြွေးလျက်နေ၏။ သူငယ်ဆုံးသွားသောအခါမူကား ထ၍စားသောက်၏။ မင်းကြီး ဤသို့ ပြုသည်မှာ အဘယ်အကြောင်းကြောင့်နည်း”ဟု မေးလျှောက်ကြ၏။
ထို့နောက် အာမနုန်သည် သူ့ကို အမုန်းကြီးမုန်းသွားပြန်၏။ ယခင်ချစ်သောစိတ်ထက် မုန်းသောစိတ်ပို၍ကြီးသဖြင့် အာမနုန်က သူ့အား “ထလော့၊ ထွက်သွားလော့”ဟု ဆို၏။
ယောနဒပ်က ရှင်ဘုရင်အား “ကြည့်ပါ။ ရှင်ဘုရင်၏သားတော်တို့ ပြန်လာကြပါပြီ။ ကျွန်တော်မျိုး၏စကား မှန်သည် မဟုတ်လော”ဟု ဆို၏။
အဗရှလုံသည် ထွက်ပြေး၍ ဂေရှုရဘုရင်အမိဟုဒ်မင်းကြီး၏သားတော် တာလမဲထံသို့ ရောက်သွား၏။ ဒါဝိဒ်မင်းကြီးမူကား သားတော်ကြောင့် နေ့စဉ်နှင့်အမျှ ငိုကြွေးမြည်တမ်းရလေ၏။
ထိုအခါ ရှင်ဘုရင်သည် တုန်လှုပ်လျက်၊ မြို့တံခါးအထက်ခန်းသို့ တက်သွားပြီးလျှင် လမ်းလျှောက်ရင်း ငိုကြွေးလျက် “အို ငါ့သား၊ ငါ့သား အဗရှလုံ၊ ငါ့သား အဗရှလုံ၊ အဘယ်ကြောင့် သင့်အစား ငါမသေရသနည်း။ အို ငါ့သား၊ ငါ့သား အဗရှလုံ”ဟု မြည်တမ်းလေ၏။