ထိုအခါ ရှင်ဘုရင်က အဗရှလုံအား “ငါ့သား၊ ငါတို့အကုန် မသွားသင့်ပါ။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မည်”ဟု မိန့်ဆို၏။ အဗရှလုံ မရမကခေါ်သော်လည်း ရှင်ဘုရင်သည် မသွားလို၊ ကောင်းချီးသာပေးလိုက်၏။
၂ ရာ 13:26 - မြန်မာ့စံမီသမ္မာကျမ်း အဗရှလုံကလည်း “ထိုသို့ဖြစ်လျှင် အကျွန်ုပ်၏အစ်ကို အာမနုန်ကို အကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပေးပါ”ဟု ဆိုလျှင် ရှင်ဘုရင်က “အဘယ်ကြောင့် သူ့ကို သွားစေလိုသနည်း”ဟု မေး၏။ Common Language Bible သို့ရာတွင်အဗရှလုံက``ထိုသို့ဖြစ်ပါမူ ယုတ်စွအဆုံးအကျွန်ုပ်၏အစ်ကိုအာမနုန် ကိုသွားခွင့်ပြုတော်မူပါ'' ဟုလျှောက်၏။ မင်းကြီးက``အဘယ်ကြောင့်သူ့အား သွားစေရပါမည်နည်း'' ဟုဆို၏။- Garrad Bible အ ဗ ရှ လုံ က၊ ကြွ တော် မ မူ ပါ လျှင် နောင် တော် အာ မ နုန် ကို စေ လွှတ် တော် မူ ပါ ဟု တင် လျှောက် ပြန် ရာ အ ဘယ် ကြောင့် လွှတ် စေ လို သ နည်း ဟု ဘု ရင် မင်း မေး သည့် ကာ လ Judson Bible အဗရှလုံကလည်း၊ လိုက်တော်မမူလျှင်၊ နောင်တော်အာမနုန် လိုက်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က အဘယ်ကြောင့် လိုက်စေရမည်နည်းဟု ဆိုသော်လည်း၊ |
ထိုအခါ ရှင်ဘုရင်က အဗရှလုံအား “ငါ့သား၊ ငါတို့အကုန် မသွားသင့်ပါ။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မည်”ဟု မိန့်ဆို၏။ အဗရှလုံ မရမကခေါ်သော်လည်း ရှင်ဘုရင်သည် မသွားလို၊ ကောင်းချီးသာပေးလိုက်၏။
သို့သော် အဗရှလုံက မရမကတောင်းဆိုသဖြင့် ရှင်ဘုရင်သည် အာမနုန်နှင့်တကွ ရှင်ဘုရင်၏သားတော်အားလုံးကိုသွားစေလေ၏။
ယွာဘက အာမသအား “ငါ့ညီ၊ အဆင်ပြေပါ၏လော”ဟု ဆို၏။ ထို့နောက် ယွာဘသည် အာမသ၏မုတ်ဆိတ်ကို ညာလက်ဖြင့် ဆွဲကိုင်ပြီး နမ်းမည်ပြု၏။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
သူ၏နှုတ်သည် ထောပတ်ကဲ့သို့ညက်ညောသော်လည်း သူ၏စိတ်နှလုံး၌ စစ်မက်ရှိ၏။ သူ၏စကားတို့သည် ဆီထက်ချောမွတ်သော်လည်း ဆွဲထုတ်ထားသောဓားများဖြစ်ကြ၏။
အမုန်းထားသောသူသည် မိမိ၏နှုတ်ဖြင့် ဟန်ဆောင်ပြောဆိုသော်လည်း သူ၏စိတ်နှလုံးထဲ၌ လိမ်လည်လှည့်ဖြားသောသဘောကို ဆောင်ထားတတ်၏။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကိုသန့်အောင်စစ်ထုတ်မည်၊ စစ်ဆေးမည်။ ငါ့လူမျိုးသမီးပျိုအတွက် ငါမည်သို့ပြုနိုင်ဦးမည်နည်း။