ထို့ပြင် အဗရှလုံသည် ရှင်ဘုရင်ထံသို့ဝင်၍ “အရှင့်သားကျွန်တော်မျိုး သိုးမွေးညှပ်ပွဲကျင်းပနေပါသည်။ သို့ဖြစ်၍ အရှင်မင်းကြီးနှင့် မင်းမှုထမ်းတို့ ကျွန်တော်မျိုးနှင့်အတူ ကြွတော်မူပါ”ဟု လျှောက်၏။
၂ ရာ 13:25 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှင်ဘုရင်က အဗရှလုံအား “ငါ့သား၊ ငါတို့အကုန် မသွားသင့်ပါ။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မည်”ဟု မိန့်ဆို၏။ အဗရှလုံ မရမကခေါ်သော်လည်း ရှင်ဘုရင်သည် မသွားလို၊ ကောင်းချီးသာပေးလိုက်၏။ Common Language Bible မင်းကြီးက``ငါ့သားငါတို့မလာလို။ လာခဲ့ သော်သင့်အတွက်တာဝန်ကြီးပါလိမ့်မည်'' ဟု ဆို၏။ အဗရှလုံသည်မင်းကြီးအားမရမ ကဖိတ်ခေါ်ပါသော်လည်း မင်းကြီးသည်မ လိုက်ဘဲအဗရှလုံအားကောင်းချီးပေး၍ ထွက်ခွာသွားစေတော်မူ၏။ Garrad Bible ဘု ရင် မင်း က မ တော် ပါ၊ ငါ့ သား၊ သင့် အ ပေါ် တွင် ဝန် လေး မည် ဖြစ်၍ အား လုံး မ သွင်း သင့် ဟု ဆို သော်၊ အ ဗ ရှ လုံ နှိုး ဆော် တောင်း ပန် သော် လည်း မ လိုက် မ ကြွ ဘဲ ကောင်း ကြီး ပေး လေ ၏။ Judson Bible ရှင်ဘုရင်က မသွားသင့်ငါ့သား၊ လူအပေါင်းတို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆိုသဖြင့်၊ အဗရှလုံ သွေးဆောင်သော်လည်း ကိုယ်တော်တိုင်မလိုက်ဘဲ ကောင်းချီးပေး၏။ |
ထို့ပြင် အဗရှလုံသည် ရှင်ဘုရင်ထံသို့ဝင်၍ “အရှင့်သားကျွန်တော်မျိုး သိုးမွေးညှပ်ပွဲကျင်းပနေပါသည်။ သို့ဖြစ်၍ အရှင်မင်းကြီးနှင့် မင်းမှုထမ်းတို့ ကျွန်တော်မျိုးနှင့်အတူ ကြွတော်မူပါ”ဟု လျှောက်၏။
အဗရှလုံကလည်း “ထိုသို့ဖြစ်လျှင် အကျွန်ုပ်၏အစ်ကို အာမနုန်ကို အကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပေးပါ”ဟု ဆိုလျှင် ရှင်ဘုရင်က “အဘယ်ကြောင့် သူ့ကို သွားစေလိုသနည်း”ဟု မေး၏။
ယွာဘက မြေပေါ်မှာပျပ်ဝပ်လျက် ဦးညွှတ်ကာ ရှင်ဘုရင်အား ကောင်းချီးသြဘာပေးလျက် “အကျွန်ုပ်၏သခင် အရှင်မင်းကြီးသည် အရှင့်အစေအပါးအား မျက်နှာသာပေးကြောင်းကို ယနေ့ အကျွန်ုပ်သိရပါပြီ။ အရှင်မင်းကြီးသည် အရှင့်အစေအပါးတောင်းဆိုသည့်အတိုင်း ပြုစေပါပြီ”ဟု ပြန်လျှောက်၏။
သခင်ကလည်း ‘ခရီးသွားလမ်းမများနှင့် တောလမ်းကြားများသို့သွား၍ ငါ့အိမ်ပြည့်အောင် လူတို့ကို မရမကခေါ်ခဲ့လော့။
သူတို့က “မိုးချုပ်ခါနီး၍ တစ်နေ့တာလည်း ကုန်လုနီးပြီဖြစ်သောကြောင့် အကျွန်ုပ်တို့နှင့်အတူတည်းခိုပါ”ဟု ဆိုလျက် ကိုယ်တော်ကိုမရအရဖိတ်ခေါ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့နှင့်အတူတည်းခိုရန် လိုက်သွားတော်မူ၏။
သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။
ထိုစဉ် ဗောဇသည် ဗက်လင်မြို့မှ ရောက်လာ၍ ကောက်ရိတ်သမားတို့အား “ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိပါစေသော”ဟု နှုတ်ဆက်လျှင် သူတို့ကလည်း “ထာဝရဘုရားသည် သခင့်ကို ကောင်းချီးပေးတော်မူပါစေသော”ဟု ပြန်နှုတ်ဆက်ကြ၏။