ဒါဝိဒ်မင်းကြီးသည် ဤသတင်းအလုံးစုံကို ကြားသိလျှင် အလွန်အမျက်ထွက်လေ၏။
ထိုသို့ဖြစ်ပျက်သည်ကိုကြားသိသော အခါဒါဝိဒ်သည်လွန်စွာအမျက်ထွက်၏။-
ဒါ ဝိဒ် မင်း သည် ထို သို့ ဖြစ် ပျက် သ မျှ ကို ကြား သိ သော အ ခါ အ မျက် တော် ခြောင်း ခြောင်း ထွက် လေ ၏။
ဒါဝိဒ်မင်းကြီးသည် ထိုအမှုအလုံးစုံကို ကြားသိသောအခါ၊ အလွန်အမျက်ထွက်၏။
ယာကုပ်၏သားတို့သည် ထိုသတင်းကိုကြားလျှင်ကြားချင်း တောမှပြန်လာကြ၏။ သူတို့သည် စိတ်ထိခိုက်၍ အလွန်အမျက်ထွက်ကြ၏။ အကြောင်းမူကား ရှေခင်သည် ယာကုပ်၏သမီးနှင့်အိပ်ခြင်းဖြင့် အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကိုပြု၏။ ဤအမှုသည် မပြုအပ်သောအမှုဖြစ်၏။
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
သင်သည် ငါ့ကို မထီမဲ့မြင်ပြုပြီး ဟိတ္တိလူမျိုး ဥရိယ၏မယားကို သင့်မိဖုရားအဖြစ် သိမ်းယူသောကြောင့် သင့်အမျိုးအနွယ်သည် ဓားဘေးနှင့် အမြဲတစေကြုံရလိမ့်မည်’ဟု မိန့်တော်မူ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ချမ်းသာသောသူကို အလွန်အမျက်ထွက်ပြီး နာသန်အား “ထာဝရဘုရား အသက်ရှင်သည်နှင့်အညီ ထိုသို့ပြုသောသူသည် အမှန်ပင် သေရမည်။
သူ့အစ်ကို အဗရှလုံက သူ့အား “သင့်အစ်ကို အာမနုန်က သင့်ကိုအဓမ္မပြုလိုက်ပြီလော။ ငါ့နှမ၊ ယခု ဆိတ်ဆိတ်နေလော့။ သူသည် သင့်အစ်ကို ဖြစ်သည့်အတွက် ဤကိစ္စကို သင့်စိတ်ထဲမထားပါနှင့်”ဟု နှစ်သိမ့်၏။ တာမာကလည်း သူ့အစ်ကို အဗရှလုံ၏နန်းဆောင်တွင် ဆိတ်ဆိတ်နေလေ၏။
အဗရှလုံသည် မိမိနှမတာမာအား အာမနုန်အဓမ္မပြုလိုက်သဖြင့် အာမနုန်ကိုမုန်းတီး၏။ သို့သော် သူ့အား ကောင်းသည်၊ ဆိုးသည် မည်သည့်စကားတစ်ခွန်းကိုမျှမပြောဘဲနေ၏။
အကျွန်ုပ်သည် အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား၏မြို့တော်မှ ပယ်ဖျက်မည့်အကြောင်း ဆိုးယုတ်သောပြည်သားအပေါင်းတို့ကို နံနက်တိုင်း ဖယ်ရှားသုတ်သင်ပါမည်။
ငါကိန်းဝပ်ရာအရပ်၌ ပူဇော်ရန် ငါမိန့်မှာထားသောယဇ်နှင့် ပူဇော်သက္ကာကို အဘယ်ကြောင့် မထီမဲ့မြင်ပြုကြသနည်း။ ငါ့လူမျိုးတော်အစ္စရေးတို့ပူဇော်သမျှတို့ထဲမှ အကောင်းဆုံးကိုယူ၍ သင်တို့ကိုယ်ကိုဝလင်စေခြင်းဖြင့် သင်သည် သင့်သားတို့ကို ငါ့ထက်ပို၍ အဘယ်ကြောင့်ဂုဏ်ပြုချီးမြှောက်သနည်း’ဟု မိန့်ဆို၏။