“ဥရိယသည် သူ့အိမ်သို့မပြန်ပါ”ဟူသောသတင်းကို ဒါဝိဒ်မင်းကြီးကြားသိ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက ဥရိယအား “သင်သည် ခရီးဝေးကပြန်လာရသည်မဟုတ်လော။ အဘယ်ကြောင့် သင့်အိမ်သို့မပြန်သနည်း”ဟု မေး၏။
ဤသို့ဥရိယအိမ်မပြန်ဘဲနေခဲ့ကြောင်း ကိုဒါဝိဒ်ကြားသိသောအခါသူ့အား``သင် သည်ခရီးဝေးမှယခုပင်ပြန်လည်ရောက် ရှိလာသည်ဖြစ်ပါလျက် အဘယ်ကြောင့် အိမ်သို့မပြန်ဘဲနေပါသနည်း'' ဟုမေး တော်မူ၏။
အိမ် သို့ မ သွား ကြောင်း ကို ဒါ ဝိဒ် မင်း ကြား သော်၊ သင် သည် ခ ရီး ရောက် မ ဆိုက် ဖြစ် သည် မ ဟုတ် လော။ အ ဘယ် ကြောင့် အိမ် သို့ မ သွား ဘဲ နေ သ နည်း ဟု မေး ရာ
ဥရိယသည် မိမိအိမ်သို့မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊
ထိုအခါ ဥရိယက ဒါဝိဒ်မင်းကြီးအား “သေတ္တာတော်နှင့်တကွ အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့သည် တဲများ၌သာ နေကြပါ၏။ အကျွန်ုပ်၏သခင် ယွာဘနှင့် အကျွန်ုပ်သခင်၏စစ်သည်တို့သည်လည်း ကွင်းပြင်၌သာ စခန်းချကြပါ၏။ အကျွန်ုပ်မူကား အိမ်သို့ပြန်ပြီး စားသောက်လျက်၊ မယားနှင့်အိပ်လျက် နေသင့်ပါသလော။ မင်းကြီးအသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ် ထိုသို့မပြုသင့်ပါ”ဟု ပြန်လျှောက်လေ၏။
သို့သော် ဥရိယသည် အိမ်မပြန်ဘဲ မိမိသခင်၏အမှုထမ်းအပေါင်းတို့နှင့်အတူ ဘုရင့်နန်းတော်တံခါးဝတွင် အိပ်လေ၏။
ထို့ကြောင့် ထာဝရဘုရားသည် နာသန်ကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ နာသန်သည် ဒါဝိဒ်မင်းကြီးထံသို့ရောက်လျှင် “မြို့တစ်မြို့တွင် လူနှစ်ဦးရှိ၏။ တစ်ဦးမှာ ချမ်းသာ၍ တစ်ဦးမှာ ဆင်းရဲ၏။