အို အစ္စရေးသမီးပျိုတို့၊ သင်တို့ကို ကတ္တီပါနီနှင့် ဝတ်ကောင်းစားလှများဖြင့် ဆင်ယင်ပေးခဲ့သော၊ သင်တို့၏အဝတ်များတွင် ရွှေထည်များကို တန်ဆာဆင်ပေးခဲ့သော ရှောလုမင်းကြီးအဖို့ ငိုကြွေးကြလော့။
၂ ရာ 1:23 - မြန်မာ့စံမီသမ္မာကျမ်း လင်းယုန်ငှက်ထက် လျင်မြန်ပြီး ခြင်္သေ့ထက် ခွန်အားကြီးသော၊ ချစ်ခင်နှစ်သက်ရပါသော ရှောလုနှင့် ယောနသန်တို့သည် ရှင်အတူ သေမကွာပါတကား။ Common Language Bible ``အံ့သြနှစ်သက်ဖွယ်ကောင်းသောရှောလုနှင့် ယောနသန်တို့သည်ရှင်အတူသေမကွဲ လင်းယုန်ငှက်ထက်လျင်မြန်၍ခြင်္သေ့ထက် ခွန်အားကြီးကြပါသည်တကား။ Garrad Bible မေ တ္တာ ကြွယ် ဝ လျက် နှစ် သက် ဖွယ် ကောင်း သော ရှော လု မင်း နှင့် ယော န သန် တို့ သည် ရှင် အ တူ၊ သေ မ ကွဲ ဘဲ ရွှေ လင်း တ ထက် မြန်၍ ခြင်္သေ့ ထက် သန် ကြ လေ စွ တ ကား၊ Judson Bible ရှောလုနှင့် ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တစ်ယောက်နှင့်တစ်ယောက် မကွာဘဲလျက် နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်အားကြီးကြ၏။ |
အို အစ္စရေးသမီးပျိုတို့၊ သင်တို့ကို ကတ္တီပါနီနှင့် ဝတ်ကောင်းစားလှများဖြင့် ဆင်ယင်ပေးခဲ့သော၊ သင်တို့၏အဝတ်များတွင် ရွှေထည်များကို တန်ဆာဆင်ပေးခဲ့သော ရှောလုမင်းကြီးအဖို့ ငိုကြွေးကြလော့။
ဇေရုယာ၏သားသုံးယောက်ဖြစ်သော ယွာဘ၊ အဘိရှဲနှင့် အာသဟေလတို့သည်လည်း ထိုတိုက်ပွဲတွင် ပါဝင်၏။ အာသဟေလသည် တောဒရယ်တစ်ကောင်ကဲ့သို့ အပြေးမြန်သူဖြစ်၏။
ရဲစွမ်းသတ္တိထက်မြက်သော ကပ်ဇေလမြို့မှ စစ်သူရဲမျိုးရိုး ယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့ကဲ့သို့အားကြီးသောမောဘလူမျိုးနှစ်ဦးကို သုတ်သင်ပစ်ခဲ့၏။ နှင်းကျသောနေ့တစ်နေ့တွင် ခြင်္သေ့တွင်းထဲသို့ဝင်ပြီး ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။
ဂဒ်အမျိုးအချို့တို့သည် တောကန္တာရရှိ ဒါဝိဒ်ခိုလှုံရာနေရာသို့ လာရောက်ပူးပေါင်းကြ၏။ သူတို့သည် ဒိုင်းလွှား၊ လှံတို့ကို ကိုင်ဆောင်နိုင်ပြီး ရဲစွမ်းသတ္တိရှိ၍ စစ်ရေးလေ့ကျင့်ထားသောသူများ၊ ခြင်္သေ့ကဲ့သို့ရဲရင့်သောမျက်နှာရှိ၍ တောင်ပေါ်သမင်ကဲ့သို့ လျင်မြန်သူများ ဖြစ်ကြ၏။
ကျူရိုးလှေများကဲ့သို့လည်းကောင်း၊ သားကောင်ကိုထိုးသုတ်သောလင်းယုန်ကဲ့သို့လည်းကောင်း လျင်မြန်လွန်းလှ၏။
တိရစ္ဆာန်ထဲတွင်ခွန်အားကြီး၍ မည်သည့်အရာ၏ရှေ့ကမျှ နောက်ပြန်မလှည့်တတ်သောခြင်္သေ့၊
နှုတ်ချို၍ သူ့တစ်ကိုယ်လုံး နှစ်သက်မြတ်နိုးဖွယ်ဖြစ်၏။ အို ဂျေရုဆလင်သမီးပျိုတို့၊ ဤသူကား အကျွန်ုပ်၏ချစ်သူ၊ ဤသူသည် အကျွန်ုပ်မိတ်ဆွေ ဖြစ်၏။”
ကြည့်ရှုလော့။ ဖျက်ဆီးသောသူသည် မိုးတိမ်ကဲ့သို့တက်လာမည်။ သူ၏စစ်ရထားသည် လေပွေကဲ့သို့ ဖြစ်မည်။ သူ၏မြင်းတို့သည် လင်းယုန်ထက်လျင်မြန်၏။ ငါတို့၌ အမင်္ဂလာရှိ၏။ ငါတို့သည် ဖျက်ဆီးခြင်းခံကြရပြီ။
ငါတို့ကို လိုက်သောသူတို့သည် ကောင်းကင်လင်းယုန်ငှက်ထက် သာ၍လျင်မြန်ကြ၏။ တောင်များပေါ်တွင် ငါတို့ကို အပြင်းအထန်လိုက်ကြ၏။ တောကန္တာရတွင်လည်း ငါတို့ကို ချောင်းမြောင်းကြ၏။
ထာဝရဘုရားသည် မြေကြီးစွန်းဝေးသောအရပ်မှ လူမျိုးတစ်မျိုးကို သင့်ထံသို့ခေါ်ဆောင်လာမည်။ ထိုလူမျိုးသည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင့်ကို ထိုးသုတ်လိမ့်မည်။ သူတို့၏ဘာသာစကားကို သင်နားမလည်။
ထိုမြို့သားတို့သည်လည်း ခုနစ်ရက်မြောက်နေ့၊ နေမဝင်မီ ရှံဆုန်အား “ပျားရည်ထက် မည်သည့်အရာက ချိုသနည်း။ ခြင်္သေ့ထက် မည်သည့်အရာက ခွန်အားကြီးသနည်း”ဟု ဆိုကြ၏။ ရှံဆုန်ကလည်း သူတို့အား “ငါ၏နွားမတမ်းနှင့်မထွန်လျှင် ငါ့စကားထာ၏အဖြေကို သင်တို့ပြောပြနိုင်မည်မဟုတ်”ဟု ပြန်ပြောလေ၏။
ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့်စကားပြောဆိုပြီးနောက်တွင် ယောနသန်၏စိတ်သည် ဒါဝိဒ်၏စိတ်နှင့်ငြိတွယ်သွားပြီး ယောနသန်သည် ကိုယ်နှင့်အမျှ ဒါဝိဒ်ကိုချစ်လေ၏။
ယောနသန်ကလည်း “ထိုသို့ ဖြစ်မည်မဟုတ်။ သင်မသေရ။ ငါ့ခမည်းတော်သည် အမှုကြီးကြီးငယ်ငယ် ငါနှင့်မတိုင်ပင်ဘဲမပြု။ ငါ့ခမည်းတော်သည် ဤအမှုကို ငါ့အား မပြောဘဲ အဘယ်ကြောင့်ဖုံးကွယ်ထားမည်နည်း။ ဤအမှု မဖြစ်ရ”ဟု ပြန်ပြောလေ၏။