ထိုမြို့သားတို့သည်လည်း ခုနစ်ရက်မြောက်နေ့၊ နေမဝင်မီ ရှံဆုန်အား “ပျားရည်ထက် မည်သည့်အရာက ချိုသနည်း။ ခြင်္သေ့ထက် မည်သည့်အရာက ခွန်အားကြီးသနည်း”ဟု ဆိုကြ၏။ ရှံဆုန်ကလည်း သူတို့အား “ငါ၏နွားမတမ်းနှင့်မထွန်လျှင် ငါ့စကားထာ၏အဖြေကို သင်တို့ပြောပြနိုင်မည်မဟုတ်”ဟု ပြန်ပြောလေ၏။