ထို့နောက် ရှောလမုန်မင်းကြီးသည် ယောယဒ၏သား ဗေနာယကိုစေလွှတ်၍ အဒေါနိယကို ကွပ်မျက်စေသဖြင့် သူသေလေ၏။
၂ ရာ 1:15 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် ငယ်သားတစ်ဦးကို ခေါ်၍ “သူ့ကို သွားသတ်ပစ်လိုက်”ဟု ဆို၏။ ငယ်သားကလည်း ထိုသူကို သတ်သဖြင့် ထိုသူသေလေ၏။ Common Language Bible ငယ်သားသည်အာမလက်အမျိုးသားကို ခုတ်သတ်လေ၏။- Garrad Bible သူ့ ကို ချဉ်း ဝင် ကွပ် မျက် လော့ ဟု မိန့် ဆို သည့် အ တိုင်း အ သေ သတ် လေ ၏။ Judson Bible လုလင်တစ်ယောက်ကို ခေါ်၍၊ သူ့ကို သွားသတ်တော့ဟု ဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍သတ်လေ၏။ |
ထို့နောက် ရှောလမုန်မင်းကြီးသည် ယောယဒ၏သား ဗေနာယကိုစေလွှတ်၍ အဒေါနိယကို ကွပ်မျက်စေသဖြင့် သူသေလေ၏။
ဤသို့ဖြင့် ယောယဒ၏သားဗေနာယသည် သွား၍ ယွာဘကိုကွပ်မျက်သဖြင့် သူသေလေ၏။ ယွာဘအား တောကန္တာရရှိ သူ၏အိမ်နားတွင် သင်္ဂြိုဟ်လေ၏။
ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို အမိန့်ပေးသဖြင့် ဗေနာယသည် သွား၍ ရှိမိအားကွပ်မျက်သဖြင့် သူသေလေ၏။ ဤသို့ဖြင့် ရှောလမုန်မင်းကြီးလက်ထက်တွင် နိုင်ငံတော်တည်မြဲလေ၏။
ဉာဏ်များသောသူ၏အကြံကို ဖျက်တော်မူသဖြင့် သူတို့လုပ်ဆောင်သောအရာတို့သည် မအောင်မြင်ပေ။
ဆိုးယုတ်သောသူသည် လှည့်ဖြားသောအဖိုးအခကိုရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား မှန်ကန်သောအကျိုးကိုရတတ်၏။
မိမိ၏သားဦးယေသာအား “ထ၍ သူတို့ကိုသတ်လော့”ဟု ဆိုလေ၏။ သို့သော် သူ့သားသည် ငယ်ရွယ်သေးသဖြင့် ကြောက်ရွံ့၍ ဓားကိုမဆွဲထုတ်ဝံ့ဘဲနေ၏။