သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
၂ တိ 4:22 - မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားသည် သင်၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။ Common Language Bible သခင်ဘုရားသည်သင်နှင့်အတူရှိတော်မူ ပါစေသော။ သင်တို့အပေါင်းသည်ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာဒုတိယစောင်ပြီး၏။ Garrad Bible အ ရှင် ဘု ရား သည် သင့် စိတ် ဝိ ညာဉ်၌ တည် နေ တော် မူ ပါ စေ သော။ ကျေး ဇူး တော် သည် သင် တို့ နှင့် အ တူ တည် ရှိ စေ သ တည်း။ Judson Bible သခင်ယေရှုခရစ်သည် သင်၏စိတ်ဝိညာဉ်နှင့် အတူ ရှိတော်မူပါစေသော။ သင်၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ တိမောသေဩဝါဒစာဒုတိယစောင်ပြီး၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။ |
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ သန့်ရှင်းသူများအဖြစ်ခေါ်ယူတော်မူသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ငါရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမီအတွင်း စာတန်ကို သင်တို့၏ခြေအောက်၌ ကြေမွစေတော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသော။ အာမင်။
ငါတို့၏သခင်ယေရှုခရစ်တော်ကို မဖောက်ပြန်သောမေတ္တာဖြင့် ချစ်သောသူအပေါင်းတို့အပေါ်၌ ကျေးဇူးတော်သက်ရောက်ပါစေသော။
သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။
ဤနှုတ်ဆက်စကားကို ငါပေါလုကိုယ်တိုင် ငါ့လက်ဖြင့်ရေးလိုက်ပါ၏။ ငါခံရသောအချုပ်အနှောင်ကို သတိရကြလော့။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
လူအချို့တို့သည် ထိုအရာတို့နောက်သို့လိုက်၍ ယုံကြည်ခြင်းလမ်းမှလွဲချော်သွားကြပြီ။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။
အချင်းချင်းမေတ္တာအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၌ရှိကြသော သင်တို့အားလုံး၌ ငြိမ်သက်ခြင်းရှိပါစေသော။
သခင်ယေရှု၏ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်းတို့နှင့်အတူရှိပါစေသော။ အာမင်။