သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းစေခြင်းခံရကြမည့်အကြောင်း အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကိုသန့်ရှင်းစေပါ၏။
၂ ကော 7:14 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့အကြောင်းကို တိတုအား အနည်းငယ်ဝါကြွားခဲ့သော်လည်း အရှက်မရခဲ့ပေ။ အကြောင်းမူကား သင်တို့အား ငါတို့ပြောခဲ့သောအရာအားလုံးတို့သည် ဟုတ်မှန်သည့်နည်းတူ တိတုကို ငါတို့ဝါကြွားထားသောအရာသည်လည်း ဟုတ်မှန်ကြောင်းထင်ရှားခဲ့ပြီ။ Common Language Bible ငါသည်တိတုအားသင်တို့အကြောင်းကိုကြွား ဝါခဲ့၏။ ယင်းသို့ကြွားဝါသည့်အတိုင်းဟုတ်မှန် ကြောင်းကိုသင်တို့ပြသလိုက်ပေပြီ။ ငါတို့ သည်သင်တို့အားဟုတ်မှန်ရာကိုသာလျှင် အစဉ်ပြောကြားခဲ့၏။ တိတုအားငါတို့ ကြွားဝါပြောဆိုခဲ့သောအရာများသည် လည်းဟုတ်မှန်လျက်နေပေပြီ။- Garrad Bible သင် တို့ နှင့် စပ်၍ တိ တု အား ငါ ဂုဏ် တင် မိ သည့် အ တွက် အ ရှက် မ ရ ဘဲ အ ရာ ရာ ကို သင် တို့ အား ဟုတ် မှန် စွာ ငါ ကြား ပြော သည် နှင့် ထပ် တူ ထို သို့ ဂုဏ် တင် ချက် များ လည်း မှန် ကန် ကြောင်း ထင် ရှား လေ ပြီ။ Judson Bible အထက်က ငါသည် သင်တို့ကိုအကြောင်းပြု၍ ဝါကြွားသော စကားကို ထိုသူအားပြောပြီးလျှင်၊ ယခု ရှက်ကြောက်ခြင်းမရှိ။ ငါတို့သည် အရာရာ၌ သင်တို့အား ဟုတ်မှန်စွာပြောသည်နည်းတူ၊ တိတုရှေ့၌ ငါဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်း ထင်ရှား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သင်တို့အကြောင်းကို တိတုအား ကြွားဝါခဲ့သော်လည်း သင်တို့သည် ကျွန်ုပ်ကို အရှက်မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ကျွန်ုပ်ပြောခဲ့သော အရာအားလုံးသည် မှန်နေသကဲ့သို့ တိတုကို ကျွန်ုပ်တို့ကြွားဝါခဲ့သော သင်တို့အကြောင်းသည်လည်း မှန်နေသောကြောင့်ဖြစ်၏။ |
သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းစေခြင်းခံရကြမည့်အကြောင်း အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကိုသန့်ရှင်းစေပါ၏။
အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။
ငါသည် ဝါကြွားရန်အလိုရှိလျှင်လည်း အမှန်ကိုသာပြောမည်ဖြစ်၍ မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူမျှ ငါ့ကိုမြင်ရသည်ထက်၊ သို့မဟုတ် ငါ့အကြောင်းကို ကြားရသည်ထက်ပို၍ ငါ့ကိုမထင်မြင်မိစေရန် ငါမဝါကြွားဘဲနေမည်။
ငါ့ညီတိတုကိုမတွေ့ရသောကြောင့် ငါသည် စိတ်မသာမယာဖြစ်၍ ထိုသူတို့ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည်သို့ ငါထွက်ခွာသွား၏။
ထို့ကြောင့် ငါတို့သည် နှစ်သိမ့်မှုကိုခံစားရကြ၏။ ငါတို့ခံစားရသောနှစ်သိမ့်မှုအပြင် တိတု၏စိတ်နှလုံးသည် သင်တို့အားလုံးကြောင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရသည်ဖြစ်၍ သူ၏ဝမ်းမြောက်ခြင်းကြောင့် ငါတို့သည် ပို၍ဝမ်းမြောက်ကြ၏။
ငါသည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် များစွာဂုဏ်ယူ၏။ ငါသည် နှစ်သိမ့်မှုကို အပြည့်အဝခံစားရ၍ ငါတို့ခံရသောဆင်းရဲဒုက္ခအပေါင်းတို့၌ ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝလျက်ရှိ၏။
သို့သော် အားငယ်သောသူတို့ကိုနှစ်သိမ့်တော်မူသောဘုရားသခင်သည် တိတုရောက်ရှိလာခြင်းအားဖြင့် ငါတို့ကိုနှစ်သိမ့်ပေးတော်မူ၏။
ထို့ကြောင့် သင်တို့၏ချစ်ခြင်းမေတ္တာနှင့် သင်တို့အကြောင်း ငါတို့ဝါကြွားထားသောအရာတို့ကို အသင်းတော်များရှေ့မှောက်၌ သူတို့အားသက်သေပြကြလော့။
ထိုအခါ ငါသည် သင်တို့ထံသို့ တစ်ဖန်ရောက်လာသဖြင့် သင်တို့၏ဂုဏ်ယူဝင့်ကြွားစရာအကြောင်းသည် ငါ့ကြောင့် ခရစ်တော်ယေရှု၌ တိုးပွားလိမ့်မည်။
သို့ဖြစ်၍ သင်တို့ခံရသော ညှဉ်းဆဲခြင်းနှင့်ဒုက္ခဆင်းရဲခြင်းရှိသမျှတို့၌ထင်ရှားသော သင်တို့၏သည်းခံခြင်းနှင့် ယုံကြည်ခြင်းတို့အတွက် ငါတို့ကိုယ်တိုင် ဘုရားသခင်၏အသင်းတော်များတွင် သင်တို့အကြောင်းကို ဝါကြွားကြ၏။