အဘယ်ကြောင့်နည်း။ ငါသည် သင်တို့ကိုမချစ်သောကြောင့်လော။ ငါချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။
၂ ကော 7:12 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါသည် သင်တို့ထံသို့ရေးသားခဲ့ခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့်မဟုတ်။ ပြစ်မှားခြင်းခံရသောသူအတွက်ကြောင့်လည်းမဟုတ်။ ငါတို့အပေါ်ထားရှိသော သင်တို့၏စိတ်အားထက်သန်မှုကို ဘုရားသခင်ရှေ့တော်၌ သင်တို့ကိုယ်တိုင်တွေ့မြင်ကြစေရန်အတွက်သာဖြစ်၏။ Common Language Bible သို့ဖြစ်၍ယခင်ကသင်တို့ထံသို့ငါစာရေးခဲ့ရ ခြင်းမှာပြစ်မှားသောသူ၏ကိစ္စကြောင့်မဟုတ်။ ပြစ် မှားခြင်းကိုခံရသူ၏ကိစ္စကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ရှေ့တော်တွင်ငါတို့အားသင်တို့ အဘယ်မျှချစ်ခင်စွဲလန်းကြသည်ကိုကောင်း စွာသိသာထင်ရှားစေလို၍ရေးခဲ့ခြင်းဖြစ်၏။- Garrad Bible သို့ နှင့် အ ညီ ငါ ရေး လိုက် သော စာ မှာ ပြစ် မှား သူ့ ကို ထောက်၍ မ ဟုတ်။ ပြစ် မှား ခံ ရ သူ့ ကို လည်း ထောက်၍ မ ဟုတ်။ ငါ တို့ ဘက်၌ စိတ် အား ကြီး ကြ ကြောင်း သင် တို့ ကိုယ် တိုင် သိ မြင် စေ ရန် ဘု ရား သ ခင့် မျက် မှောက် တော် တွင် ရေး လိုက် ၏။ Judson Bible ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကို ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ ပြုစုချင်သော စေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှာ ရေးသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့ထံသို့ ကျွန်ုပ်စာရေးလိုက်သော်လည်း ထိုသို့ရေးရခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့် မဟုတ်သကဲ့သို့ နစ်နာသောသူအတွက်ကြောင့်လည်း မဟုတ်။ သင်တို့သည် ဘုရားသခင်ရှေ့တော်တွင် ကျွန်ုပ်တို့ကို မည်မျှ ချစ်ခင်ရိုသေကြကြောင်း မိမိကိုယ်ကိုယ် မြင်နိုင်ရန်သာဖြစ်၏။ |
အဘယ်ကြောင့်နည်း။ ငါသည် သင်တို့ကိုမချစ်သောကြောင့်လော။ ငါချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။
ဤပြင်ပမှ ဘေးဒုက္ခများအပြင် အသင်းတော်အားလုံးအတွက် စိုးရိမ်ပူပန်ခြင်းသည်လည်း နေ့စဉ်နှင့်အမျှ ငါ့ကိုဖိစီးနေ၏။
အကြောင်းမူကား ငါတို့သည် များစွာသောသူတို့ပြုသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို လှည့်လည်ရောင်းစား၍အမြတ်ထုတ်ကြသည်မဟုတ်ဘဲ ဖြူစင်သောသူ၊ ဘုရားသခင်ထံမှ စေလွှတ်ခြင်းခံရသောသူအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ငါတို့ဟောပြောကြ၏။
သင်တို့သည် အရာရာ၌ နာခံမှုရှိ၊ မရှိ ငါသိရှိနိုင်ရန်အတွက် သင်တို့ကိုစမ်းသပ်သည့်အနေဖြင့် ထိုစာကိုငါရေးသားခဲ့ခြင်းဖြစ်၏။
ငါရေးလိုက်သောစာအားဖြင့် သင်တို့ကို ဝမ်းနည်းစေခဲ့သော်လည်း ငါသည် စိတ်မကောင်းမဖြစ်ပေ။ ထိုစာသည် သင်တို့ကို ခေတ္တခဏဝမ်းနည်းစေခဲ့သည်ကို ငါမြင်၍ စိတ်မကောင်းဖြစ်ခဲ့လျှင်ပင်
မိမိအိမ်ထောင်ကို မည်ကဲ့သို့စီမံအုပ်ချုပ်ရမည်ကိုမသိသောသူသည် ဘုရားသခင်၏အသင်းတော်ကို မည်ကဲ့သို့ပြုစုစောင့်ရှောက်နိုင်မည်နည်း။