ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ကျယ်စွာဖွင့်ပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းအတိုင်း ပြေးပါမည်။
၂ ကော 6:13 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့သည်လည်း တုံ့ပြန်သောအားဖြင့် သင်တို့၏စိတ်နှလုံးကို ကျယ်စွာဖွင့်ထားကြလော့ဟု ကိုယ့်သားသမီးများအားပြောသကဲ့သို့ ငါပြော၏။ Common Language Bible သို့ဖြစ်၍ငါတို့အားတုံ့ပြန်သောအနေဖြင့် သင်တို့၏စိတ်နှလုံးတံခါးကိုကျယ်စွာဖွင့် ကြလော့။ Garrad Bible သင် တို့ ကို သား သ မီး အ ဖြစ် မှတ်၍ ငါ ဆို သည် မှာ ကျယ် ဝန်း သော စိတ် စေ တ နာ ကို တုံ့ ဆပ် ကြ လော့။ Judson Bible ငါတို့ကျေးဇူးကို ဆပ်ခြင်းအလို့ငှာ ကျယ်ဝန်းသောစိတ် ရှိကြလော့။ ထိုသို့ဆိုသော် ကိုယ်သားတို့ကို ဆိုသကဲ့သို့ ငါဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ပြန်လည်တုံ့ပြန်သောအနေဖြင့် “ကျွန်ုပ်တို့အပေါ်ထားသော သင်တို့၏မေတ္တာကိုလည်း ကြီးမားစေကြလော့” ဟု မိမိသားသမီးများကို ပြောသကဲ့သို့ ကျွန်ုပ်ပြောလို၏။ |
ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ကျယ်စွာဖွင့်ပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းအတိုင်း ပြေးပါမည်။
ငါသည် သင့်ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်၏ပါးစပ်ကိုကျယ်စွာဖွင့်လော့။ သင့်ကို ဝပြောစွာ ငါကျွေးမည်။
ထို့ကြောင့် သင်တို့အား ငါဆိုမည်။ သင်တို့ဆုတောင်းသောအခါ တောင်းလျှောက်သမျှသောအရာတို့ကို ရရှိပြီဟုယုံကြည်ကြလော့။ ထိုအခါ သင်တို့အတွက် ထိုအတိုင်းဖြစ်လိမ့်မည်။
ညီအစ်ကိုတို့၊ ငါကဲ့သို့ဖြစ်ကြပါဟု သင်တို့အား ငါတောင်းပန်၏။ အဘယ်ကြောင့်ဆိုသော် ငါသည်လည်း သင်တို့ကဲ့သို့ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အပေါ် မည်သည့်မတရားမှုကိုမျှ မပြုခဲ့ကြပေ။
ခရစ်တော်၏အသွင်သဏ္ဌာန်သည် သင်တို့ထဲ၌ ပေါ်ပေါက်လာသည့်တိုင်အောင် သင်တို့အတွက် သားဖွားခြင်းဝေဒနာကို ငါတစ်ဖန်ခံစားရသော ငါ့သားသမီးတို့၊
သင်တို့သိကြသည့်အတိုင်း ဖခင်သည် မိမိသားသမီးများအပေါ်ပြုသကဲ့သို့ ငါတို့သည် သင်တို့အပေါ်ပြုမူလျက်
ငါ့သားသမီးတို့၊ သင်တို့သည် အပြစ်မပြုကြစေရန် ဤအရာများကို သင်တို့ထံ ငါရေးလိုက်၏။ တစ်စုံတစ်ယောက်သည် အပြစ်ပြုမိခဲ့လျှင် ခမည်းတော်ထံ၌ ကူညီဖြေရှင်းပေးသူတည်းဟူသော ဖြောင့်မတ်သည့်အရှင်ယေရှုခရစ်တော်သည် ငါတို့အတွက်ရှိ၏။
သားသမီးတို့၊ ငါတို့သည် စကားနှင့် နှုတ်အားဖြင့်သာမဟုတ်ဘဲ လုပ်ဆောင်မှုနှင့် သမ္မာတရားတို့အားဖြင့် ချစ်ကြကုန်စို့။
သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။
ငါ့သားသမီးတို့သည် သမ္မာတရား၌အသက်ရှင်လျှောက်လှမ်းနေကြောင်းကို ကြားရသည်ထက် ဝမ်းမြောက်စရာကောင်းသောအရာသည် ငါ၌မရှိ။