အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ကော 5:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဤ​အရာ​အားလုံး​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​၍ ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​နှင့်ဆိုင်သော​အမှု​တော်​ကို ပေး​အပ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​အ​မှု​ခပ်​သိမ်း​ကို​ဘု​ရား​သ​ခင်​ပြု​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား မိ​မိ​၏ ရန်​သူ​များ​အ​ဖြစ်​မှ​မိတ်​ဆွေ​များ​အ​ဖြစ် သို့​ခ​ရစ်​တော်​အား​ဖြင့်​ပြောင်း​လဲ​စေ​တော်​မူ ပြီး​လျှင် အ​ခြား​သူ​တို့​သည်​လည်း​မိ​မိ​၏ မိတ်​ဆွေ​များ​ဖြစ်​လာ​စေ​ရန်​ဆောင်​ရွက်​သည့် တာ​ဝန်​ကို​ငါ​တို့​အား​ပေး​အပ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ရာ ရာ ပြု ပြင် သော အ ရှင် ကား ခ ရစ် တော် အား ဖြင့် ငါ တို့ ကို မိတ် သ ဟာ ယ ဖွဲ့ စေ ပြီး လျှင် ထို မိတ် သ ဟာ ယ ဖွဲ့ ခြင်း ဆိုင် ရာ အ မှု ဆောင် ရွက် ခွင့် ကို ငါ တို့ အား သ နား တော် မူ သော ဘု ရား သ ခင် ပေ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သို့​ဖြစ်​သော် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့၏​ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို ဟော​ရ​သော အ​ခွင့်​အ​ရာ​ကို ငါ​တို့၌​အပ်​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဤ​အရာ​အားလုံး​သည် ဘုရားသခင်​ပြုသော​အမှု​ဖြစ်၏။ ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်စေတော်မူ​ပြီးလျှင် အခြား​သူတို့​ကို မိမိ​နှင့် ပြန်လည်​သင့်မြတ်​စေရန်​အတွက် ဆောင်ရွက်ရမည့်​တာဝန်​ကိုလည်း ကျွန်ုပ်တို့​အား ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။



၂ ကော 5:18
29 ပူးပေါင်းရင်းမြစ်များ  

ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ငြိမ်းချမ်း​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​တည်းဟူသော ကယ်တင်​ခြင်း​အကြောင်း​ပြောကြား​သော​သူ​၊ “​သင်​၏​ဘုရားသခင်​သည် စိုးစံ​တော်မူ​၏​”​ဟု ဇိအုန်​မြို့​အား​ပြော​သော​သူ​၏​ခြေ​သည် တောင်​ပေါ်တွင် အလွန်​တင့်တယ်​စွ​ပါ​တကား​။


နှုတ်ခမ်း​အသီး​ကို ငါ​ဖန်ဆင်း​၏​။ ဝေး​သော​သူ​၊ နီး​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း ရှိ​စေ​သော​။ ငါ​သည် သူ့​ကို ကုသ​ပေး​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့ အပြစ်ဖြေလွှတ်​ခြင်း​အတွက် အစ္စရေး​ပြည် ရေ​ဝ​သော​စားကျက်မြေ​ရှိ အကောင်​နှစ်ရာ​ရှိ​သော​သိုးအုပ်​တစ်​အုပ်​တွင် တစ်​ကောင်​ကို ဘောဇဉ်ပူဇော်သက္ကာ​၊ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​အဖြစ် ပူဇော်​ရ​မည်’​ဟု မိန့်​တော်မူ​၏​။


အပြစ်​ကျူးလွန်​ခြင်း​ကို ရပ်တန့်​ဖို့​၊ အပြစ်​ကို အဆုံးသတ်​ဖို့​၊ ဒုစရိုက်အပြစ်​ကို ဖြေလွှတ်​ဖို့​၊ ထာဝရ​ဖြောင့်မတ်​ခြင်း​ကို ယူဆောင်​လာ​ဖို့​၊ ဗျာဒိတ်နိမိတ်​နှင့် ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​ကို​တံဆိပ်ခတ်​ဖို့​၊ အသန့်ရှင်းဆုံးဌာန​ကို ဘိသိက်သွန်း​ဖို့ သင့်​လူမျိုး​တော်​နှင့် သန့်ရှင်း​သော​မြို့​တော်​အတွက် ရက်သတ္တပတ်​ခုနစ်ဆယ်​ကို စီရင်​သတ်မှတ်​တော်မူ​ပြီ​။


မည်သည့်​အပြစ်ဖြေရာယဇ်ကောင်​မဆို ၎င်း​၏​သွေး​ကို သန့်ရှင်းရာဌာန​၌ အပြစ်ဖြေလွှတ်​ခြင်း​ပြု​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တွင်း​သို့ ယူဆောင်​လာ​လျှင် ထို​ယဇ်ကောင်​၏​အသား​ကို မ​စား​ရ​။ မီး​ရှို့​ပစ်​ရ​မည်​။


မည်သည့်​အိမ်​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ‘ဤ​အိမ်​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ’​ဟူ၍ ဦးစွာ​နှုတ်ဆက်​ကြ​လော့။


ထို့နောက် သူ​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​နှင့်ဆိုင်သော​နောင်တ​တရား​ကို ဂျေရုဆလင်​မြို့​မှ​အစပြု​၍ လူမျိုး​တကာ​တို့​အား ဟောပြော​ရ​မည်​ဟူ၍​ဖြစ်​၏။


ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို စွန့်​တော်မူ​သည့်​တိုင်အောင် လောကီသား​တို့​ကို​ချစ်​တော်မူ​၏။ ဤသည်ကား သား​တော်​ကို​ယုံကြည်​သော​သူ​တိုင်း မ​ပျက်စီး​ဘဲ ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။


ယောဟန်​က “ကောင်းကင်​မှ​ပေး​တော်​မ​မူ​လျှင် လူ​သည် မည်သည့်​အရာ​ကို​မျှ​မ​ရ​နိုင်။


ဘုရားသခင်​သည် လူ​အပေါင်း​တို့​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​အားဖြင့် ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​၍ အစ္စရေး​အမျိုးသား​တို့​ထံသို့ ပေးပို့​တော်မူ​သော​နှုတ်ကပတ်​တရား​ကို သင်​တို့​သိ​ကြ​၏။


အကြောင်းမူကား အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​ထံမှ​လည်းကောင်း၊ ကိုယ်တော်​အားဖြင့်​လည်းကောင်း၊ ကိုယ်တော်​အတွက်​လည်းကောင်း ဖြစ်တည်​ကြ​၏။ ကိုယ်တော်ရှင်​၌ ကာလ​အစဉ်အဆက် ဘုန်း​အသရေ​တော်​တည်ရှိ​ပါစေသော။ အာမင်။


ထို့ကြောင့် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သော​ငါ​တို့​သည် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​နှင့် ငြိမ်းချမ်း​မှု​ကို​ရရှိ​ကြ​၏။


သင်​တို့​သည် ဘုရားသခင်​အားဖြင့် ခရစ်တော်​ယေရှု​၌​တည်​နေ​ကြ​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် ဘုရားသခင်​ထံမှ​လာ​သော ဉာဏ်ပညာ​ဖြစ်​တော်မူ​ပြီး ဖြောင့်မတ်​ခြင်း၊ သန့်ရှင်း​ခြင်း​နှင့် ရွေးနုတ်​ခြင်း​ဖြစ်​တော်မူ​၏။


အကြောင်းမူကား မိန်းမ​သည် ယောက်ျား​ထံမှ​ဖြစ်လာ​သကဲ့သို့ ယောက်ျား​သည်​လည်း မိန်းမ​အားဖြင့်​မွေးဖွား​လာ​၏။ သို့သော် အရာ​ခပ်သိမ်း​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​၏။


လုပ်ဆောင်​ချက်​အမျိုးမျိုး​ရှိ​သော်လည်း လူ​အပေါင်း​တို့​၌ ခပ်သိမ်း​သော​အမှု​ကို​ပြု​တော်မူ​သော​ဘုရားသခင်​သည် တစ်ပါးတည်း​ရှိ​၏။


သို့ဖြစ်လျှင် အာပေါလု​ကား မည်သူ​နည်း။ ပေါလု​ကား မည်သူ​နည်း။ သူ​တို့​သည် မိမိ​တို့​တစ်ဦးစီ​အား ထာဝရ​ဘုရား​ပေးအပ်​တော်မူ​သည့်​အတိုင်း သင်​တို့​ကို ယုံကြည်​ခြင်း​သို့​ပို့ဆောင်​ပေး​သော အမှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။


ငါ​တို့​အတွက်​မူကား ခမည်းတော်​တည်းဟူသော ဘုရားသခင်​တစ်ပါးတည်း​သာ​ရှိ​၍ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​ထံမှ​ဖြစ်လာ​ပြီး ငါ​တို့​သည် ကိုယ်တော်​၌​တည်​ကြ​၏။ ထို့ပြင် ငါ​တို့​အတွက် ယေရှု​ခရစ်တော်​တည်းဟူသော သခင်​တစ်ပါးတည်း​သာ​ရှိ​၍ အရာ​ခပ်သိမ်း​တို့​သည် ထို​သခင်​အားဖြင့်​ဖြစ်လာ​ပြီး ငါ​တို့​သည် ထို​သခင်​၌​တည်​ကြ​၏။


ယခု​မူကား သွေးသား​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​၌ သား​တော်​ကို​အသေခံ​စေ​ခြင်း​အားဖြင့် ဘုရားသခင်​သည် သင်​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​၏။ ဤသည်ကား သန့်ရှင်း​လျက်​အပြစ်​အနာအဆာ​ကင်း​၍ အပြစ်တင်​စရာ​မ​ရှိ​သော​သင်​တို့​ကို မိမိ​၏​ရှေ့​တော်​သို့ ဆက်သ​နိုင်​ရန်​ဖြစ်​၏။


ထို့ကြောင့် ကိုယ်တော်​သည် လူ​တို့​၏​အပြစ်​များ​အတွက် အသနားခံ​ခြင်း​အမှု​ကို​ပြု​ရန် ဘုရားသခင်​ရှေ့​တော်​၌ သနား​ကြင်နာ​တတ်​သည့် သစ္စာရှိ​သော​ယဇ်ပုရောဟိတ်​မင်း​ဖြစ်​မည့်​အကြောင်း အရာရာ​၌ ညီအစ်ကို​များ​နှင့်​တူ​ရ​၏။


ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။


ထို​အရှင်​သည် ငါ​တို့​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​တော်မူ​၏။ ငါ​တို့​အပြစ်​များ​အတွက်​သာမက လောကီသား​အပေါင်း​တို့​၏​အပြစ်​များ​အတွက်​လည်း ဖြစ်​တော်မူ​၏။


ငါ​တို့​သည် ဘုရားသခင်​ကို​ချစ်​ခဲ့​သည်​မ​ဟုတ်။ ဘုရားသခင်​က​သာ ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​၏​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​အဖြစ် မိမိ​၏​သား​တော်​ကို စေလွှတ်​တော်မူ​၏။ ဤ​အမှုအရာ​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​၏။