အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ကော 1:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​တို့​သည် ဆင်းရဲ​ဒုက္ခ​ခံရ​လျှင် ၎င်း​သည် သင်​တို့​၏​နှစ်သိမ့်​ခြင်း​နှင့်​ကယ်တင်​ခြင်း​အတွက်​ဖြစ်​၏။ ငါ​တို့​သည် နှစ်သိမ့်​ခြင်း​ကို​ခံစားရ​လျှင်​လည်း ၎င်း​သည် သင်​တို့​၏​နှစ်သိမ့်​ခြင်း​အတွက်​ဖြစ်​ပြီး ထို​နှစ်သိမ့်​ခြင်း​သည် ငါ​တို့​ခံရ​သော​ဒုက္ခ​ဝေဒနာ​မျိုး​၌ သင်​တို့​သည်းခံ​နိုင်​သည့်​ခွန်အား​ကို​ဖြစ်​စေ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​တို့​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လျှင်​သင်​တို့​နှစ် သိမ့်​မှု​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ ရန်​အ​တွက်​ဖြစ်​၏။ နှစ်​သိမ့်​မှု​ကို​ငါ​တို့​ရ​ရှိ ကြ​ပါ​လျှင် သင်​တို့​သည်​လည်း​ငါ​တို့​နည်း တူ​နှစ်​သိမ့်​မှု​ကို​ရ​ရှိ​လျက် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​သည်း​ခံ​သော​စိတ်​နှင့် ခံ​နိုင်​သော​ခွန်​အား​ရ​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ တို့ သည် ဒု က္ခ ခံ ရ ကြ သော်လည်း ကောင်း၊ သင် တို့၏ နှစ် သိမ့် ခွင့် နှင့် ကယ် တင် ခွင့် အ ဖို့ နှစ် သိမ့် ခံ ရ ကြ သော် လည်း ကောင်း၊ ငါ တို့ ခံ စား ရ သော ဒု က္ခ မျိုး ကို သည်း ခံ ခြင်း အ ကျိုး ဖြစ် ထွန်း စေ သော သင် တို့ နှစ် သိမ့် ခွင့် အ ဖို့ ဖြစ်၏။

အခန်းကိုကြည့်ပါ။

Judson Bible

သို့​ဖြစ်၍ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း​ကောင်း၊ သက်​သာ​ခြင်း​သို့ ရောက်​သော်​လည်း​ကောင်း၊ သင်​တို့၏ သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း အ​ကျိုး​အ​လို​ငှာ​ဖြစ်၏။ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သ​ကဲ့​သို့ သင်​တို့​သည် သည်း​ခံ​သော​စိတ်​နှင့် ခံ​ရ​သော​အား​ဖြင့်၊ ထို​သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း​သည် ပြည့်​စုံ​တတ်၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကျွန်ုပ်တို့ ဆင်းရဲဒုက္ခ​ခံရ​လျှင် ထို​အရာ​သည် သင်တို့​နှစ်သိမ့်ခံရ​ရန်​နှင့် ကယ်တင်ခံရ​ရန်အတွက်​ဖြစ်၏။ ကျွန်ုပ်တို့ နှစ်သိမ့်​ခံရ​လျှင်လည်း ထို​အရာ​သည် သင်တို့​နှစ်သိမ့်​ခံရ​ရန်အတွက်​ဖြစ်၏။ ကျွန်ုပ်တို့ ခံရသော​ဆင်းရဲဒုက္ခ​မျိုး​ကို သင်တို့ ကြုံတွေ့ရ​သောအခါ ထို​နှစ်သိမ့်ခြင်း​သည် သင်တို့​အား သည်းခံနိုင်စွမ်း​ကို ဖြစ်စေ၏။

အခန်းကိုကြည့်ပါ။



၂ ကော 1:6
13 ပူးပေါင်းရင်းမြစ်များ  

သို့သော် ထို​နေ့ရက်​များ​စေ့​သောအခါ ငါ​တို့​သည် ခရီး​ဆက်​ရန် ထွက်ခွာ​ကြ​၏။ သူ​တို့​အားလုံး​သည် ဇနီး​၊ သားသမီး​များ​နှင့်အတူ မြို့​ပြင်​အထိ ငါ​တို့​ကို​လိုက်ပို့​ကြ​၏။ ငါ​တို့​သည် ပင်လယ်​ကမ်းခြေ​တွင် ဒူး​ထောက်​လျက်​ဆုတောင်း​ပြီးနောက်


ဘုရားသခင်​ကို​ချစ်​သော​သူ​များ​တည်းဟူသော အကြံအစည်​တော်​အတိုင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​များ​အတွက် ဘုရားသခင်​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပူးပေါင်း​လုပ်ဆောင်​စေ​၍ ကောင်းကျိုး​ဖြစ်​စေ​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။


ဘုရားသခင်​သည် ငါ​တို့​ခံရ​သော​ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​တို့​၌ ငါ​တို့​ကို​နှစ်သိမ့်​ပေး​တော်မူ​၏။ ဤသည်ကား ဘုရားသခင်​ထံမှ ငါ​တို့​ရရှိ​သော​နှစ်သိမ့်​ခြင်း​အားဖြင့် ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​ကို​ခံ​နေ​ရ​သော​သူ​တို့​အား ငါ​တို့​နှစ်သိမ့်​ပေး​နိုင်​ရန်​အတွက်​ဖြစ်​၏။


ငါ​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​အတွက် ဝမ်းမြောက်​စွာ ငါ့​ဥစ္စာ​ကို​အသုံးပြု​၍ ငါ့​ကိုယ်​ကို​လည်း အကုန်အစင်​အသုံးပြု​မည်။ သင်​တို့​အပေါ် ငါ​၏​ချစ်​ခြင်း​မေတ္တာ​တိုးပွား​လာ​လျှင် ငါ့​အပေါ် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​လျော့ပါး​သွား​မည်​လော။


ဤ​အမှုအရာ​အတွက် ငါ​တို့​ကို​ပြင်ဆင်​ပေး​တော်မူ​သော​အရှင်​ကား ဝိညာဉ်​တော်​ကို စရန်​အဖြစ် ငါ​တို့​အား​ပေး​တော်မူ​သော ဘုရားသခင်​ပေတည်း။


ထို​အကြောင်း​ကြောင့် ငါ​ပေါလု​သည် သင်​တို့​လူမျိုးခြား​များ​အတွက် ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ဖြစ်​၏။


သို့ဖြစ်၍ သင်​တို့​အတွက် ငါ​ခံရ​သော​ဆင်းရဲ​ဒုက္ခ​များ​ကြောင့် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ရန် ငါ​တောင်းပန်​၏။ ထို​အရာ​များ​သည် သင်​တို့​၏​ဂုဏ်သရေ​ဖြစ်​၏။


အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ဆုတောင်း​ခြင်း​များ​နှင့် ယေရှု​ခရစ်တော်​၏​ဝိညာဉ်​တော်​ထံမှ​လာ​သော ကူညီမစ​ခြင်း​အားဖြင့် ဤ​အခြင်းအရာ​သည် ငါ​၏​လွတ်မြောက်​ရာ​အကြောင်း​ဖြစ်​မည်​ဟု ငါ​သိ​၏။


ထို့ကြောင့် ရွေးကောက်​ခံရ​သော​သူ​တို့​သည် ခရစ်တော်​ယေရှု​၌​ရှိ​သော​ကယ်တင်​ခြင်း​ကို ထာဝရ​ဘုန်း​အသရေ​နှင့်တကွ ရရှိ​နိုင်​မည့်​အကြောင်း ငါ​သည် သူ​တို့​အတွက် အရာရာ​ကို​သည်းခံ​၏။