ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
ငါတို့အဖဘုရားသခင်နှင့်အရှင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းသည် သင်တို့အပေါ်သို့သက်ရောက်ပါစေ သော။
ငါ တို့ အ ဘ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ် ထံ တော် မှ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော။
သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
သင်သည် မနေ့တစ်နေ့ကမှ ရောက်လာသောသူဖြစ်၍ ယခု ငါတို့နှင့်အတူ လှည့်လည်စေရမည်လော။ ငါသည် ဘယ်နေရာသွားရမည်ကိုမသိသေးပါ။ သင့်အမျိုးသားချင်းတို့ကို ခေါ်ပြီး ပြန်သွားလော့။ ကရုဏာတော်နှင့် သစ္စာတော်သည် သင်တို့နှင့်အတူ ရှိပါစေသော”ဟု မိန့်ဆို၏။
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။
နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော ကမ္ဘာအရပ်ရပ်ရှိလူမျိုးအပေါင်းတို့ထံသို့ ငါနေဗုခဒ်နေဇာမင်းကြီး ပြောကြားလိုက်ပါ၏။ သင်တို့ ကြီးပွားတိုးတက်ကြပါစေသော။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ သန့်ရှင်းသူများအဖြစ်ခေါ်ယူတော်မူသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ငါရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်၊ သက်ညှာခြင်းနှင့်ပြည့်စုံတော်မူသောအဖတည်းဟူသော နှစ်သိမ့်ခြင်းအလုံးစုံတို့ကိုပေးတော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ဤနည်းဥပဒေသအတိုင်း လိုက်လျှောက်သူရှိသမျှတို့အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏အစ္စရေးအမျိုးတို့အပေါ်၌လည်းကောင်း ငြိမ်သက်ခြင်းနှင့်ကရုဏာတော် သက်ရောက်ပါစေသော။
အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်ထံမှ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့သည် ညီအစ်ကိုတို့၌ တည်ရှိပါစေသော။
ကောလောသဲမြို့တွင်နေကြသည့် သန့်ရှင်းသူများတည်းဟူသော ခရစ်တော်၌ရှိသောသစ္စာရှိသည့်ညီအစ်ကိုများထံသို့ စာရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
ပေါလု၊ သိလွာနုနှင့် တိမောသေတို့သည် ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၌တည်သော သက်သာလောနိတ်မြို့သားတို့၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။