အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ကော 1:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ငါ​တို့​သည် သင်​တို့​ဖတ်ရှု​၍ နားလည်​နိုင်​သော​အရာ​တို့​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ သင်​တို့​ထံသို့ မ​ရေး​ခဲ့​ကြ​ပေ။

အခန်းကိုကြည့်ပါ။

Common Language Bible

ယ​ခု​ငါ​ရေး​သား​ပေး​ပို့​လိုက်​သော​စာ​များ တွင် သင်​တို့​ဖတ်​ရှု​နား​လည်​နိုင်​သည့်​အ​ကြောင်း အ​ရာ​များ​သာ​လျှင်​ပါ​ရှိ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ ဖတ် ကြည့် သိ သာ သော အ ရာ များ ပြင် ငါ တို့ ရေး လိုက် ကြ သည် မ ဟုတ်။ ငါ တို့ အ ရှင် ယေ ရှု၏ နေ့ တော်၌ သင် တို့ သည် ငါ တို့ ဂုဏ် ရောက် ရာ အ ကြောင်း ဖြစ် မည့် နည်း တူ ငါ တို့ လည်း သင် တို့ ဂုဏ် ရောက် ရာ အ ကြောင်း ဖြစ် သည် ဟု အ ချို့ တို့ သိ မှတ် သည့် အ လျောက် အ ဆုံး တိုင် သိ မှတ် ကြ လိမ့် မည် ဟု ငါ မြော် လင့် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​သည်​ဖတ်၍ ဝန်​ခံ​သော​အ​ရာ​မှ​တစ်​ပါး၊ အ​ခြား​သော​အ​ရာ​ကို ငါ​တို့​သည် ရေး၍ ပေး​လိုက်​သည်​မ​ဟုတ်။ သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်၏​နေ့၌ ငါ​တို့၏ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း ဖြစ်​သ​ကဲ့​သို့၊ ငါ​တို့​သည် သင်​တို့၏ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဖြစ်​သည်​ဟု သင်​တို့​သည် ငါ​တို့​ကို အ​နည်း​ငယ်​အား​ဖြင့် ဝန်​ခံ​သည်​အ​တိုင်း အ​စဉ်​ဝန်​ခံ​ကြ​လိမ့်​မည်​ဟု ငါ​တို့​သည် မျှော်​လ​င့်​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကျွန်ုပ်တို့​သည် သင်တို့​ဖတ်ရှု​၍ နားလည်နိုင်သော အကြောင်းအရာများ​မှအပ အခြား​မည်သည့်​အကြောင်းအရာ​ကိုမျှ သင်တို့​ထံ မရေးခဲ့ကြ။

အခန်းကိုကြည့်ပါ။



၂ ကော 1:13
6 ပူးပေါင်းရင်းမြစ်များ  

မိုးလင်း​သောအခါ မည်သည့်​အရပ်​ဒေသ​ဖြစ်​သည်​ကို မ​သိ​သော်လည်း ကမ်းခြေ​ရှိ​သော ပင်လယ်ကွေ့​တစ်​ခု​ကို​မြင်​ရ​၍ ဖြစ်နိုင်​လျှင် ထို​ကမ်းခြေ​ပေါ်သို့ သင်္ဘော​ကို​ထိုးတင်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နေ့ရက်​တွင် သင်​တို့​၌​အပြစ်တင်​စရာ​မ​ရှိ​မည့်​အကြောင်း ကိုယ်တော်​သည် သင်​တို့​ကို အဆုံး​တိုင်အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။


ငါ​တို့​သည် စုံစမ်း​စစ်ဆေး​ခြင်း​၌​ကျရှုံး​သော​သူ​များ​မ​ဟုတ်​ကြောင်း သင်​တို့​သိ​မည်​ဟု ငါ​မျှော်လင့်​၏။


ငါ​တို့​သည် ကွယ်ဝှက်​ထား​သည့် ရှက်ဖွယ်ရာ​များ​ကို​စွန့်ပယ်​၍ ပရိယာယ်​၌​ကျင်လည်​ခြင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို မလိမ့်တပတ်​လုပ်​ခြင်း​တို့​မ​ရှိ​ဘဲ သမ္မာတရား​ကို အတိအလင်း​ဖော်ပြ​ခြင်း​အားဖြင့် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​အပေါင်း​တို့​၏​အသိစိတ်​တွင် မိမိတို့ကိုယ်ကို​ထင်ရှား​စေ​ကြ​၏။


ထို့ကြောင့် ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​ခြင်း​နှင့်ပတ်သက်​သည့်​အကြောင်း​ကို ငါ​တို့​သိ​သဖြင့် လူ​တို့​ကို​စည်းရုံး​ကြ​၏။ ငါ​တို့​အကြောင်း​သည် ဘုရားသခင်​ရှေ့​တော်​၌ ထင်ရှား​ပြီ​ဖြစ်၍ သင်​တို့​၏​အသိစိတ်​၌​လည်း ထင်ရှား​ပြီ​ဟု ငါ​မျှော်လင့်​၏။


ထို့ကြောင့် ခရစ်တော်​အတွက် ငါ​တို့​၌​ရှိ​သည့် ကောင်း​သော​အရာ​အားလုံး​တို့​ကို သိ​ခြင်း​အားဖြင့် သင်​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​မိတ်သဟာယ​ဖွဲ့​ခြင်း​သည် ထိရောက်​မှု​ရှိ​သော​အရာ​ဖြစ်လာ​ရန် ငါ​ဆုတောင်း​၏။