ထိုအီဂျစ်ပြည်၌ပင် သင်တို့ကြောက်ရွံ့သောဓားဘေးသည် သင်တို့ကိုမီလိမ့်မည်။ သင်တို့ထိတ်လန့်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း အီဂျစ်ပြည်အထိပင် သင်တို့နောက်သို့ ကပ်လိုက်လာလိမ့်မည်။ ထိုအရပ်၌ပင် သင်တို့သေရလိမ့်မည်။
၁ သက် 5:4 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ညီအစ်ကိုတို့၊ သင်တို့သည် အမှောင်ထဲ၌မရှိသောကြောင့် ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ကို အငိုက်ဖမ်းလိမ့်မည်မဟုတ်။ Common Language Bible သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့မူကားမှောင်မိုက် တွင်နေသူများမဟုတ်သဖြင့် သခင်ဘုရား ကြွလာတော်မူရာနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ထံသို့တိတ်တဆိတ်ရောက်ရှိ၍မလာ နိုင်။- Garrad Bible ညီ အစ် ကို တို့၊ ထို နေ့ တော် သည် သူ ခိုး ကဲ့ သို့ သင် တို့ ကို အုပ် မိ ရန် မှောင် မိုက် တွင် မ နေ ဘဲ၊ Judson Bible သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ညီအစ်ကိုမောင်နှမတို့… သင်တို့သည် အမှောင်၌ မရှိသောကြောင့် ထိုနေ့ရက်သည် သင်တို့ထံ သူခိုးကဲ့သို့ ရောက်လာစရာအကြောင်း မရှိ။ |
ထိုအီဂျစ်ပြည်၌ပင် သင်တို့ကြောက်ရွံ့သောဓားဘေးသည် သင်တို့ကိုမီလိမ့်မည်။ သင်တို့ထိတ်လန့်သော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည်လည်း အီဂျစ်ပြည်အထိပင် သင်တို့နောက်သို့ ကပ်လိုက်လာလိမ့်မည်။ ထိုအရပ်၌ပင် သင်တို့သေရလိမ့်မည်။
“အို အစ္စရေး၊ သင်သည် ဂိဗာမြို့တွင်နေစဉ်ကာလ အပြစ်ပြုကြ၏။ အပြစ်ပြုသူတို့သည် ထိုအရပ်၌ ဆက်နေကြ၏။ ဂိဗာမြို့တွင် စစ်ဖြစ်စဉ်က သူတို့ကို မနှိမ်နင်းနိုင်ခဲ့ပေ။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
သင်တို့အား ငါအမှန်ဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံနှင့်ဂေါမောရမြို့တို့သည် ထိုမြို့ထက် ခံသာကြလိမ့်မည်။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
သို့မဟုတ်လျှင် လမ်းခရီးဝေးသဖြင့် သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်မိသောသူနောက်သို့ ဒေါသတကြီးလိုက်၍မီသောအခါ သူ့ကို အသေသတ်မိလိမ့်မည်။ အကယ်စင်စစ် ထိုလူသတ်မိသောသူသည် မိမိအိမ်နီးချင်းအပေါ် အမုန်းမရှိသောကြောင့် အသေမခံသင့်။
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ ယနေ့ သင်တို့အား ငါမှာကြားသော ကိုယ်တော်၏ပညတ်ချက်၊ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို မလိုက်နာ၊ မစောင့်ထိန်းလျှင် သင်တို့အပေါ်သက်ရောက်မည့်ကျိန်ခြင်းအမင်္ဂလာ၊ သင်တို့ခံစားရမည့် ကျိန်ခြင်းအမင်္ဂလာအပေါင်းကား ဤသို့ဖြစ်၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ သင့်အားမိန့်မှာတော်မူသော ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းသောကြောင့် သင်ပျက်စီးခြင်းသို့မရောက်မချင်း ဤကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်သက်ရောက်လိမ့်မည်။ သင့်ကိုလိုက်၍မီလိမ့်မည်။
ခမည်းတော်သည် ငါတို့ကို မှောင်မိုက်ခြင်း၏အာဏာစက်မှ ကယ်နုတ်၍ မိမိချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်တော်မူ၏။
အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။
သို့ရာတွင် ထာဝရဘုရား၏နေ့ရက်သည် သူခိုးလာသကဲ့သို့ရောက်လာလိမ့်မည်။ ထိုနေ့ရက်၌ ကောင်းကင်သည် ကျယ်လောင်သောအသံဖြင့် ကွယ်ပျောက်သွား၍ လောကဓာတ်တို့သည် ပြင်းထန်သောအပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မည်။ မြေကြီးမှစ၍ ၎င်းပေါ်၌ပြုလုပ်သောအရာတို့သည်လည်း လောင်ကျွမ်းလိမ့်မည်။
တစ်ဖန် ခရစ်တော်၌လည်းကောင်း၊ သင်တို့၌လည်းကောင်း မှန်ကန်သောပညတ်သစ်ကို သင်တို့ထံသို့ ငါရေးလိုက်၏။ အကြောင်းမူကား မှောင်မိုက်သည် ရွေ့လျားကွယ်ပျောက်သွား၍ စစ်မှန်သောအလင်းသည် ထွန်းတောက်ပြီဖြစ်၏။
(ကြည့်ရှုလော့။ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်မပါအချည်းစည်းဖြင့်သွားလာ၍ မိမိအရှက်ကို လူတို့မြင်ရသည့်အဖြစ်မျိုးမရှိစေရန် မိမိအဝတ်များကိုထိန်းသိမ်းလျက် သတိနှင့်စောင့်နေသောသူသည် မင်္ဂလာရှိ၏။)
ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။