ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။
၁ သက် 4:12 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား သင်တို့သည် ပြင်ပလူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာအသက်ရှင်လျှောက်လှမ်း၍ သင်တို့၌ မည်သည့်လိုအပ်ချက်မျှမရှိစေရန်အတွက်ဖြစ်၏။ Common Language Bible ဤနည်းအားဖြင့်သင်တို့သည်အသင်းတော်ဝင် မဟုတ် သူတို့၏ကြည်ညိုလေးစားခြင်းကိုခံရ ကြလိမ့်မည်။ အဘယ်သူကိုမျှမှီခိုရန်လည်း လိုလိမ့်မည်မဟုတ်။ Garrad Bible သို့ မှ မ တောင့် တ ဘဲ သာ သ နာ ပ တို့ ရှေ့ တင့် တယ် စွာ ကျင့် ကြံ ပြု မူ ကြ ရ လိမ့် မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ သင်တို့၏ နေ့စဉ်ပြုမူနေထိုင်ခြင်းကို မယုံကြည်သူများက မြင်သောအခါ သင်တို့ကို လေးစားလာကြမည်။ သင်တို့သည်လည်း မည်သူ့ကိုမျှ မှီခိုရန် လိုအပ်တော့မည်မဟုတ်။ |
ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။
မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့ရှေ့၌ တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြလော့။
အပျော်ကြူးခြင်းနှင့်သောက်စားမူးယစ်ခြင်းတို့၌လည်းကောင်း၊ ကိလေသာရှုပ်ထွေးခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့၌လည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်းနှင့်မနာလိုခြင်းတို့၌လည်းကောင်း မကျင်လည်ကြဘဲ နေ့အချိန်၌လျှောက်လှမ်းသကဲ့သို့ တင့်တယ်လျောက်ပတ်စွာ အသက်ရှင်လျှောက်လှမ်းကြကုန်စို့။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။
အပြင်လူတို့ရှေ့တွင် ဉာဏ်ပညာရှိစွာအသက်ရှင်လျှောက်လှမ်း၍ အချိန်အခါကို ကောင်းစွာအသုံးချကြလော့။
ထိုမျှမက ကဲ့ရဲ့ပြစ်တင်ခြင်းခံရလျက် မာရ်နတ်၏ကျော့ကွင်းထဲသို့ မကျရောက်စေရန် အသင်းတော်ပြင်ပ၌ ဂုဏ်သတင်းကောင်းသောသူလည်းဖြစ်ရမည်။
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
ထိုနည်းတူ ဇနီးသည်တို့၊ မိမိတို့၏ခင်ပွန်းသည်ကို နာခံကြလော့။ သို့ပြုလျှင် အချို့သောခင်ပွန်းသည်တို့သည် နှုတ်ကပတ်တရားကိုမယုံကြည်ကြလျှင်ပင် သင်တို့၏ကြောက်ရွံ့ရိုသေမှုနှင့် သန့်ရှင်းစင်ကြယ်သောအသက်ရှင်နေထိုင်မှုကိုမြင်လျက် ဇနီးသည်၏စကားအားဖြင့်မဟုတ်ဘဲ အသက်ရှင်နေထိုင်မှုအားဖြင့် ပြောင်းလဲလာကြလိမ့်မည်။