ဤသူတို့သည် ဆွေစဉ်မျိုးဆက်အလိုက် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြပြီး ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။
၁ ရာချုပ် 9:3 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့တွင်နေထိုင်ကြသော ယုဒအမျိုးသား၊ ဗင်္ယာမိန်အမျိုးသား၊ ဧဖရိမ်နှင့်မနာရှေအမျိုးသားတို့တွင် Common Language Bible ယုဒ၊ ဗင်္ယာမိန်၊ ဧဖရိမ်နှင့်မနာရှေအနွယ် ဝင်တို့သည် ယေရုရှလင်မြို့သို့သွားရောက် နေထိုင်ကြ၏။ Garrad Bible ယု ဒ၊ ဗင်္ယာ မိန်၊ ဧ ဖ ရိမ်၊ မ နာ ရှေ့ အ နွယ် သား တို့ အ နက်၊ ယေ ရု ရှ လင် မြို့၌ နေ ထိုင် ရ သူ တို့ ကား၊ Judson Bible ယေရုရှလင်မြို့မှာနေသော ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်နှင့် မနာရှေအမျိုးသားဟူမူကား၊ |
ဤသူတို့သည် ဆွေစဉ်မျိုးဆက်အလိုက် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြပြီး ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။
ယုဒအမျိုးသား ဖာရက်၏သားမြေးများမှ ဗာနိ၏တီ၊ ဣမရိ၏မြစ်၊ ဩမရိ၏မြေး၊ အမိဟုဒ်၏သား ဥသဲ၊
ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုရှာရန် စိတ်ပိုင်းဖြတ်ထားသောသူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ယဇ်ပူဇော်ရန် လေဝိအမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်လာကြ၏။
သို့သော် အာရှာနယ်၊ မနာရှေနယ်နှင့်ဇာဗုလုန်နယ်မှ လူအချို့တို့သည် မိမိကိုယ်ကိုနှိမ့်ချ၍ ဂျေရုဆလင်မြို့သို့ရောက်လာကြ၏။
လူထုအကြီးအကဲတို့သည် ဂျေရုဆလင်မြို့၌ နေထိုင်ကြ၏။ ကျန်သောသူတို့မူကား မဲချဆုံးဖြတ်သည့်အတိုင်း လူဆယ်ယောက်တွင် တစ်ယောက်သည် သန့်ရှင်းရာအရပ်ဂျေရုဆလင်မြို့တွင် နေထိုင်ရမည်ဖြစ်ပြီး ကျန်ကိုးယောက်ကား အခြားသောမြို့ရွာများတွင် နေထိုင်ရမည်ဖြစ်သည်။