လေးဖြင့် ကျောက်ခဲနှင့်မြားတို့ကို လက်ယာလက်၊ လက်ဝဲလက်မရွေး ပစ်ခတ်နိုင်သော ဗင်္ယာမိန်အမျိုးမှ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းလေးသည်တော်များ၊
၁ ရာချုပ် 8:40 - မြန်မာ့စံမီသမ္မာကျမ်း ဥလံ၏သားများသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ၊ လေးသည်တော်များ ဖြစ်ကြပြီး သားမြေးများ၍ ပေါင်းတစ်ရာ့ငါးဆယ် ရှိ၏။ ဤသူအားလုံးတို့သည် ဗင်္ယာမိန်၏သားမြေးများ ဖြစ်ကြ၏။ Common Language Bible ဥလံ၏သားများသည်ထူးချွန်သောစစ်သူရဲ များနှင့်လေးသည်တော်များဖြစ်ကြ၏။ သူ ၏သားမြေးပေါင်းတစ်ရာ့ငါးဆယ်ရှိ၏။ အထက်တွင်ဖော်ပြပါရှိသူအပေါင်းတို့ သည်ဗင်္ယာမိန်အနွယ်ဝင်များဖြစ်သတည်း။ Garrad Bible စစ် ခေါင်း မာ လျက် လေး တော် တပ် ဝင် ရ သော ဥ လံ့ သား တို့၌ သား မြေး များ ပြား ၍ တစ် ရာ့ ငါး ဆယ် အ ရေ အ တွက် ရှိ ကြ၏။ ဤ သည် ကား ဗင်္ယာ မိန့် သား စဉ် မြေး ဆက် ဖြစ် သ တည်း။ Judson Bible ဥလံသားတို့သည် ခွန်အားကြီးသော လေးသူရဲဖြစ်ကြ၏။ သားမြေးများ၍ ပေါင်းတစ်ရာငါးဆယ်ရှိကြ၏။ ဤရွေ့ကား၊ ဗင်္ယာမိန်သားစဉ်မြေးဆက် ဖြစ်သတည်း။ |
လေးဖြင့် ကျောက်ခဲနှင့်မြားတို့ကို လက်ယာလက်၊ လက်ဝဲလက်မရွေး ပစ်ခတ်နိုင်သော ဗင်္ယာမိန်အမျိုးမှ ရှောလုမင်းကြီး၏ဆွေမျိုးသားချင်းလေးသည်တော်များ၊
အာဇေလ၏ညီဖြစ်သော ဧရှက်၏သားများမှာ သားဦးဥလံ၊ ဒုတိယသားယုရှ၊ တတိယသားဧလိဖလက် တို့ဖြစ်ကြ၏။
အစ္စရေးတစ်မျိုးနွယ်လုံး၏မျိုးရိုးစဉ်ဆက်စာရင်းကို ရေးမှတ်၍ အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် မှတ်တမ်းတင်ထား၏။ ယုဒလူမျိုးတို့မူကား မိမိတို့ကျူးလွန်မိသောအမှားများကြောင့် ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်း ခံရကြ၏။
အာသမင်းကြီး၌ ယုဒအမျိုးတွင် ဒိုင်းလွှားကြီးနှင့်လှံကိုင်စွဲသူ စစ်သည်သုံးသိန်း၊ ဗင်္ယာမိန်အမျိုးတွင် ဒိုင်းလွှားငယ်ကိုင်စွဲသူနှင့် လေးသည်တော် နှစ်သိန်းရှစ်သောင်း ရှိ၏။ သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ဖြစ်ကြ၏။