၁ ရာချုပ် 8:28 - မြန်မာ့စံမီသမ္မာကျမ်း ဤသူတို့သည် ဆွေစဉ်မျိုးဆက်အလိုက် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြပြီး ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။ Common Language Bible ဤသူတို့သည်ဘိုးဘေးအစဉ်အဆက်မှ အိမ်ထောင်ဦးစီးများဖြစ်ကြ၍ သူတို့၏ သားမြေးများသည်ယေရုရှလင်မြို့တွင် နေထိုင်ကြလေသည်။ Garrad Bible ထို သူ တို့ သည် ယေ ရု ရှ လင် မြို့၌ နေ၍ ဆွေ စဉ် မျိုး ဆက် အ လိုက် အိမ် ထောင် များ တွင် အ အုပ် အ ချုပ် အ ကြီး အ ကဲ ဖြစ် ကြ ၏။ Judson Bible ဤသူတို့သည် ယေရုရှလင်မြို့မှာနေ၍၊ အစဉ်အဆက် အဆွေအမျိုး သူကြီးမင်းဖြစ်ကြ၏။ |
မိကလုတ် တို့ဖြစ်ကြ၏။ မိကလုတ်သည် သားရှိမာကိုရ၏။ သူတို့သည် ဂျေရုဆလင်မြို့ရှိသူတို့၏ဆွေမျိုးသားချင်းများနှင့်အတူ ဆွေမျိုးသားချင်းများအနီးအနားတွင် နေထိုင်ကြ၏။
ဂျေရုဆလင်မြို့တွင်နေထိုင်ကြသော ယုဒအမျိုးသား၊ ဗင်္ယာမိန်အမျိုးသား၊ ဧဖရိမ်နှင့်မနာရှေအမျိုးသားတို့တွင်
ဤလေဝိအမျိုး၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများသည် ဆွေစဉ်မျိုးဆက်ခေါင်းဆောင်အလိုက် ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။
လူထုအကြီးအကဲတို့သည် ဂျေရုဆလင်မြို့၌ နေထိုင်ကြ၏။ ကျန်သောသူတို့မူကား မဲချဆုံးဖြတ်သည့်အတိုင်း လူဆယ်ယောက်တွင် တစ်ယောက်သည် သန့်ရှင်းရာအရပ်ဂျေရုဆလင်မြို့တွင် နေထိုင်ရမည်ဖြစ်ပြီး ကျန်ကိုးယောက်ကား အခြားသောမြို့ရွာများတွင် နေထိုင်ရမည်ဖြစ်သည်။
ယုဒအမျိုးသားတို့သည် ဂျေရုဆလင်မြို့၌နေထိုင်သောယေဗုသိလူမျိုးတို့ကို နှင်ထုတ်၍မရသဖြင့် ယနေ့တိုင်အောင် ယေဗုသိလူမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။
ဇေလမြို့၊ ဧလပ်မြို့၊ ဂျေရုဆလင် ခေါ် ယေဗုသိမြို့၊ ဂိဗာမြို့၊ ကိရယတ်မြို့ စသည့်မြို့ပေါင်း တစ်ဆယ့်လေးမြို့နှင့်ရွာများ ပါ၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေဖြစ်၏။
ဗင်္ယာမိန်အမျိုးသားတို့သည် ဂျေရုဆလင်မြို့သား ယေဗုသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့သဖြင့် ယေဗုသိလူမျိုးတို့သည် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယနေ့တိုင်အောင် ဂျေရုဆလင်မြို့တွင် နေထိုင်ကြလေ၏။