ကိရယတ်ယာရိမ်၏ဖခင်ရှောဗလ၏သားမြေးများမှာ ဟာရောလူမျိုးနှင့်မနဟေသိလူမျိုးတစ်ဝက်ဖြစ်၏။
၁ ရာချုပ် 8:13 - မြန်မာ့စံမီသမ္မာကျမ်း ဗေရိယနှင့် ရှေမာသည် ဂါသမြို့သားတို့ကို နှင်ထုတ်ခဲ့သော အာယလုန်မြို့သားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ Common Language Bible ဗေရိယနှင့်ရှေမတို့သည်အာဇလုန်မြို့တွင် အခြေစိုက်နေထိုင်ကြသူတို့၏အိမ်ထောင် ဦးစီးများဖြစ်၍ ဂါသမြို့သားတို့ကိုနှင် ထုတ်ကြသူများဖြစ်၏။- Garrad Bible ဂါ သ မြို့ သား တို့ ကို နှင် ထုတ် သော အာ ယ လုန် မြို့ ရှိ အိမ် ထောင် များ တွင် အ အုပ် အ ချုပ် ဖြစ် သူ ဗေ ရိ ယ နှင့် ရှေ မ၊ အ ဟိ သြ၊ ရှာ ရှက်၊ ယေ ရိ မုတ် တို့ တည်း။ Judson Bible ဗေရိယနှင့် ရှေမတို့သည် ဂါသမြို့သားတို့ကို နှင်ထုတ်သော အာဇလုန်မြို့သား အဆွေအမျိုးသူကြီးဖြစ်ကြ၏။ |
ကိရယတ်ယာရိမ်၏ဖခင်ရှောဗလ၏သားမြေးများမှာ ဟာရောလူမျိုးနှင့်မနဟေသိလူမျိုးတစ်ဝက်ဖြစ်၏။
ပေနွေလသည် ဂေဒေါ်၏ဖခင်၊ ဧဇာသည် ဟုရှ၏ဖခင် ဖြစ်၏။ ဤသူတို့သည် ဗက်လင်၏ဖခင်၊ ဧဖရတ်၏သားဦး ဟုရ၏သားမြေးများ ဖြစ်ကြ၏။
ဧလပါလ၏သားများမှာ ဧဗာ၊ မိရှဟံ၊ ရှာမက် တို့ဖြစ်ကြ၏။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများကို တည်ဆောက်ခဲ့၏။
အာမောရိလူမျိုးတို့ကို အစ္စရေးအမျိုးသားတို့လက်သို့ ထာဝရဘုရားအပ်တော်မူသောနေ့၌ ယောရှုသည် ထာဝရဘုရားထံ ဆုတောင်းပြီးလျှင် အစ္စရေးအမျိုးသားတို့၏ရှေ့မှောက်တွင် “အို နေ၊ ဂိဗောင်မြို့ပေါ် တန့်နေလော့။ အို လ၊ အာယလုန်ချိုင့်ဝှမ်းပေါ် တန့်နေလော့”ဟု ဆို၏။
အစ္စရေးအမျိုးသားတို့၏ပိုင်နက်ထဲတွင် အာနကလူမျိုး တစ်ယောက်မျှမကျန်။ ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့တို့၌သာ အနည်းငယ်ကျန်ရစ်၏။